နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10

Start from the beginning
                                    

ခွင်း အဘွားက အခုလို သူမ မရှိတဲ့အချိန်မှာနေမကောင်းဖြစ်ပြီးဆေးရုံရောက်သွားတာကို ဝမ်းနည်းတယ်......ခွင်းဘဝမှာ မိသားစုဆိိုလို့ ဘွားဘွားတစ်ယောက်ပဲရှိတာ......ဘွားသာမရှိရင် သမီးတစ်ယောက်တည်းကျန်ခဲ့မှာ သမီးကိုမထားခဲ့ပါနဲ့ဘွားဘွား.......

ဒေါ်တင်တင်ခိုင် ခွင်းလေးနဲ့ဖုန်းပြောနေရင်း တစ်ဖက်မှ ရှိုက်ငိုတဲ့အသံကိုကြားလိုက်ရတယ်
သမီးလေး ငိုနေပြီထင်တယ်.....အဘွားဖြစ်သူရဲ့သတင်းကိုကြားပြီး ဝမ်းနည်းနေပြီ

"သမီး ခွင်းလေး မငိုရဘူးလေ သမီးဘွားဘွားကသက်သာသွားပါပြီ မစိုးရိမ်နဲ့တော့နော်
မနက်ဖြန် သမီးက လူရည်ချွန်အတွက် ကာယပြိုင်ပွဲဖြေရဦးမှာဆိုတော့ အခုလို ငိုနေရင် သမီးခေါင်းတွေကိုက်လာလိမ့်မယ် နော်သမီးလေး

အဟင့်....ဟီး......ဟီး......

ခွင်းလေး တီခိုင့်စကားကိုနားထောင်နော် ခဏနေတီခိုင်ပြန်လာခဲ့မယ် မေမေကြီးကို နာ့စ်မတစ်ယောက်ငှားပေးခဲ့ပြီးရင် ပြန်လာခဲ့မယ်

အဟင့်.....ရပါတယ် တီခိုင် ဘွားဘွားနားမှာပဲနေပေးပါ....သမီးတစ်ယောက်တည်းဖြစ်ပါတယ်.......ဘွားဘွား ဘွားဘွားကိုသာဂရုစိုက်ပေးပါ

မဟုတ်တာ အိမ်မှာ သမီးတစ်ယောက်တည်း စိတ်မချပါဘူး အန္တရာယ်များတယ်........မေမေကြီး သတိရလာတဲ့အခါကျရင်လည်း သမီးကိုအိမ်မှာတစ်ယောက်တည်းထားမှန်းသိရင် တီခိုင့်ကိုဆူမှာ နောက်ပြီး တီခိုင်ကိုယ်တိုင်လည်း စိတ်မချဘူး

အဟင့်.....သမီး ညနေကို ဆေးရုံမှာ ဘွားဘွားကိုလာကြည့်ချင်တယ်

ဟုတ်ပြီ တီခိုင်လိုက်ပို့ပေးမယ်နော် အခုသမီးနေ့လည်စာစားပြီး ခဏအနားယူလိုက်နော်

အဟင့်.....ဟုတ်ကဲ့ တီခိုင်......

ဒါဆို ဖုန်းချလိုက်ပြီနော်သမီးလေး

ဟုတ်ကဲ့ တီခိုင် "

တီခိုင်ဖုန်းချသွားတော့.......ခွင်း ဆိုဖာမှာ ထိုင်ပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့အပ်ကာ ငိုနေမိတယ်

ဘွား အမြန်သက်သာလာပါစေ....သမီးစာမေးပွဲကိုအကောင်းဆုံးဖြေနိုင်ခဲ့တယ်ဆိုတာကို ဘွားကိုပြောပြချင်တယ်........မြန်မြန်သတိရလာပါတော့နော် ဘွားဘွား

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now