နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8

Start from the beginning
                                    

လူရည်ချွန်ဖြေဖို့သူတို့အုပ်စုက အကုန်ရွေးချယ်ခံရတာမို့ စာအတူတူလုပ်ရတော့မယ်.......

သူတို့အားလုံး ဆရာကြီး ရုံးခန်းဆီကိုရောက်တော့

"လာကြ ကလေးတွေ ဒီမှာထိုင်ကြ

ဟုတ်ကဲ့ ဆရာမ

အခန်းထဲမှာ သူတို့အတန်းပိုင်ဆရာမအပြင် ကာယဆရာမနဲ့ တစ်ခြား ဆရာမတွေတွေပါရှိနေတယ်.....

ဆရာကြီးက
"ဆရာကြီး မင်းတို့ကို လူရည်ချွန် ဖြေဖို့ ရွေးချယ်ထားတယ်
ဒီကဆရာမတွေက သားတို့သမီးတို့ကို လေ့ကျင့်သင်ကြားပေးလိမ့်မယ်........

ဟုတ်ကဲ့ပါ ဆရာကြီး

သားဇွဲသန့်ညီက မောင်လေးညီမလေးတွေကို သားရဲ့အတွေ့အကြုံအရ လိုအပ်တာတွေ တစ်ချက် သားအားတဲ့အချိန် ကူညီသင်ပြပေးပါ

ဟုတ်ကဲ့ပါ ဆရာကြီး "

"သားတို့က နောက်နေ့တွေ ပုံမှန် ကျောင်းလာတဲ့အချိန်ထက် စောစောလာပေးပါ .
ဟုတ်ကဲ့ပါ ဆရာကြီး
အားလုံး အတန်းသို့ပြန်သွားနိုင်ပါပြီ
ဟုတ်ကဲ့ ခွင့်ပြုပါဦး ဆရာကြီး
အင်း သွားနိုင်ပြီ"
*****************=***=************=*****=******=*****=

သူ့မိဘတွေကတော့ ကျောင်းပိတ်ရက်မကုန်ခင်တစ်ရက်အလိုမှာပဲ ရန်ကုန်ပြန်သွားတယ်

အဲ့တော့မှ သူလည်း လွတ်လပ်သွားသလိုခံစားရတယ်
မေမေတို့ရှိနေရင် သူ့ကိုအရာရာလိုက်ထိန်းချုပ်နေတာမို့ ရန်ကုန်မှာ ပြန်မနေချင်ပါ.....
အခုလာခေါ်တဲ့ကိစ္စကိုလည်း ကြည့်ဦး
သူ့ကို မေမေ့စီးပွားရေးမိတ်ဖက်ရဲ့သမီး သွင်မေသက်နဲ့စေ့စပ်ပေးမလို့တဲ့.....ဘယ်လိုတောင် အဓိပ္ပာယ် မရှိတာပါလိမ့်.....အထက်တန်းကျောင်းသားအရွယ်ပဲရှိသေးတဲ့သားကို စေ့စပ်ပေးမလို့တဲ့.......မေမေက သူ့ကိုထိုမိန်းကလေးနဲ့စေ့စပ်ပေးလိုက်ရင် လုပ်ငန်းပိုင်းကပိုပြီးအကျိုးဖြစ်ထွန်းလာမှာမို့ အတင်းရန်ကုန်ပြန်ခေါ်ပြီး ထိုစေ့စပ်ပွဲကိုဖြစ်မြောက်အောင်လုပ်ချင်နေတာ

ဖေဖေကလည်း မေမေ့ကိုချစ်တာမို့ မကန့်ကွက်ပဲ သူ့ကိုပါလက်ခံဖို့တိုက်တွန်းနေတယ်။

အခုပြန်သွားရတာလည်း ဟိုမှာ လုပ်ငန်းကိစ္စအရေးကြီးလို့ ပြန်သွားရတာ
ကျောင်း၃လပိတ်ရင်ပြန်လာဦးမှာလို့အသေအချာပြောသွားတယ်။

တစ်ကယ် စိတ်ရှုပ်တယ် မေမေတို့ကသူ့ကိုလာတွေ့လို့ ဝမ်းသာရုံလေးရှိသေးတာ......အခုတော့ သူတို့အကျိုးစီးပွားအတွက်လာတွေ့တာပဲ

မေမေတို့က သိပ်အတ္တဆန်တယ်ဗျာ သားဘက်ကိုနည်းနည်းမှ မကြည်ပေးခဲ့ဘူး

*****************=**********************=**************

အခု ခွင်းတို့အားလုံး ကျောင်းကိုစောစောလာ ကျောင်းစာအပြင် လူရည်ချွန်အတွက် လိုအပ်တာတွေကို သင်ယူရလေ့ကျင့်ရနဲ့ အရင်လို မုန့်အတူသွားစားကြဖို့တောင်အချိန်မရှိကြပါဘူး

အခုလည်း သွင်ထက် အိမ်မှာ လူရည်ချွန်အတွက် စာစုလုပ်နေကြတာ......

"အား......လက်တွေညောင်းလိုက်တာကွာ....အိမ်စာတွေလည်းလုပ်ရသေးတယ်....လူရည်ချွန်အတွက် မနက်ဖြန် ပိတ်ရက်ကို မနက်ပိုင်း အပြေးလေ့ကျင့်ရဦးမယ်.....

ဟုတ်ပါ့ဟယ် ပိတ်ရက်လေးကို အရင်လို ၉နာရီ ၁၀နာရီအထိ မအိပ်ရတော့ဘူး စာတွေချည်းပဲ.....

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုစာတော်နေလို့ စိတ်တိုမိတယ်ဟယ်.....

နှင်းခက်စကားအဆုံးမှာ သူတို့အားလုံး တဟားဟားရယ်မိကြတယ်......

သြော် လူ့ဘဝဆိုတာဒီလိုပဲကွယ့်......သတိနဲ့နေကြ ကလေးတို့

သြော် ငါတို့သူငယ်ချင်း  တရားဓမ္မမိတ်ဆွေ နေဂုဏ်ရှိန်လင်းလည်း တရားရသွားရှာပြီပဲ.....

မင်းမေကြီးတော် ရွဲ့ပြောတာကွ

ဟားဟား ဟားဟား

အား....အခုလို ရယ်လိုက်ရတော့လည်း စာလုပ်ရလို့နောက်နေတဲ့စိတ်လည်း နည်းနည်း ကြည်သွားတယ်

အင်းဟုတ်တယ် သမု

ခွင်း.......

ဟင် သမုပြောလေ

နင်တို့အိမ်မှာ စံပယ်ပန်းတွေပွင့်တယ်မလား

အင်းပွင့်တယ်လေ ဘာလုပ်မလို့လဲသမု

ငါ့ကိုမနက်ဖြန်ကျောင်းလာရင် ၁၀ပွင့်လောက်ခူးလာပေးပါလား

အင်းရတယ်လေသမု

အင်း.....

ကဲ ကလေးတွေ နားတဲ့အချိန်လေး အအေးသောက်၊မုန့်စားကြဦး.....

ဝါး အန်တီ့လက်ရာ ရွှေကြည်မုန့်လေး စားမယ်စားမယ်

စားပါရှင် စာလည်းဂရုတစိုက်လုပ်ကြဦးနော်

လုပ်ပါတယ်မေမေရဲ့

ဟုတ်ပါပြီ ကဲ အန်တီ အိမ်ထဲပြန်ဝင်တော့မယ် သားတို့သမီးတို့ စားလိုက်ကြဦး

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ

ရပါတယ်ကွယ်

...........................................................................

Part-9မျှော်

Author Ester Linn

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now