နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7

Start from the beginning
                                    

ဟုတ်ကဲ့

သားတို့ကို အန်ကယ်တို့က ကျေးဇူးတင်ပါတယ် အန်ကယ်တို့သားလေးက အရင်ကဆို အမြဲ တည်တင်းနေတာ အန်ကယ်တို့က အချိန်သိပ်မပေးနိုင်တာလည်းပါတာပေါ့ကွာ

ဟုတ်ကဲ့

သားတို့သူငယ်ချင်းကိုဂရုစိုက်ပေးပါဦးကွာ

ဟုတ်ကဲ့ စိတ်ချပါဗျ"

ခွင်း ဂုဏ့်ရဲ့မိဘတွေကို တွေ့တဲ့အချိန်မှာ အန်ကယ်က ပြုံးပြပေမယ့် ဂုဏ့်အမေက ခွင်းကို မျက်နှာတည်ကြီးနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။

အခုလည်း အန်ကယ်ကသာ တရင်းတနှီးပုံစံနဲ့သူတို့ကိုစကားပြောနေတာ အန်တီက ဘာမှဝင်မပြောပဲ အေးစက်စက်မျက်နှာထားနဲ့ အန်ကယ့်ဘေးမှာထိုင်နေတယ်။

ဒေါ်ခက်ဂုဏ်လင်း သားကိုစိတ်တိုင်းမကျပါ။သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်ပြောထားလို့ ဖုန်းနဲ့လှမ်းခေါ်မယ်ထင်တာ
တစ်ခြားကလေးတွေကိုဖုန်းနဲ့ခေါ်လိုက်ပေမယ့် ညဆိုတဲ့မိန်းကလေးကိုတော့ သားကိုယ်တိုင်သွားခေါ်ပါလေတယ်။

"သားတို့နာမည်တွေကို အန်ကယ်တို့ကိုမိတ်ဆက်ပေးပါဦး
ဟုတ်ကဲ့ခင်ဗျ

သားနာမည်က ခန့်ညားဘုန်းပါခင်ဗျ

သားနာမည်က သွင်ထက်ယံပါခင်ဗျ

သမီးနာမည်က မေနှင်းခက်ပါရှင့်

သမီးနာမည်က သမုနွယ်လွင်ပါရှင့်

သမီးနာမည်က ညသံသရာခွင်းပါရှင့်"

"နာမည်လေးတွေက ဆန်းဆန်းလေးတွေချည်းပဲ

အန်ကယ်တို့ကလည်း နာမည်ပြန်မိတ်ဆက်မယ်နော်

အန်ကယ့်နာမည်က ဦးနေမင်းသာ၊အန်တီ့နာမည်ကတော့ ဒေါ်ခက်ဂုဏ်လင်း "

"ဟုတ်ကဲ့ "
တစ်ချိန်လုံး ငြိမ်နေတဲ့အန်တီက

"ညသံသရာခွင်းဆိုတာ မင်းကိုး.....
သားက ဘာလို့မင်းကို ကိုယ်တိုင် လာခေါ်ရတာလဲ
ငါ့ကိုပြောပြစမ်းပါဦး

ရှင်......."

ခွင်း ရုတ်တရက်ကြီး ဂုဏ် ခွင်းကိုလာကြိုရတဲ့အကြောင်းအရင်းကိုမေးလာတာမို့ ဘာပြန်ဖြေမလဲမသိပါ။

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now