ကျေးဇူးတင်လွှာ

205 8 0
                                    

နေကင်းတို့ကို RLထဲထည့်ပေးကြတာတွေ့ရတော့ အတိုင်းမသိဝမ်းသာပီး ကျေးဇူးလဲတင်ရပါတယ်။ ပထမဦးဆုံးရေးတဲ့ ficလေးမို့ အမှားပေါင်းများစွာနဲ့ တင်လိုက်ရပေမဲ့ သဘောကျပေးကြတဲ့သူတစ်ချို့ကြောင့် အားတက်ရပါတယ်။ တကယ်တော့ကိုယ် နေကင်းတို့ကို ရေးထားတာ လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲကပါ ကျောင်းကိစ္စတွေကော အိမ်တွင်းရေးကိစ္စတွေကြောင့်ပါ လုံလုံလောက်လောက်အချိန်မပေးနိုင်ခဲ့တာမို့ ဒီချိန်ထိ ကြာသွားတယ်ပေါ့နော်။ နိုင်ငံရေးအခြေအနေကြောင့် ကျောင်းမတက်တော့ပေမဲ့လဲ အလုပ်ထဲဝင်နေတာမို့ ficထဲလဲ တော်တော်နဲ့စိတ်မနှစ်နိုင်ခဲ့ပါဘူး။ ဒီထက်ကြာသွားရင်လဲ တင်ဖြစ်တော့မှာ မဟုတ်တာကြောင့် အချိန်ဖဲ့ပီးတင်လိုက်ရတာပါ။ အရေးအသားကော စိတ်ကူးစိတ်သန်းပါချ‌ာနေတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့လဲ ဖတ်ပေးတဲ့လူနည်းစုနဲ့ တကူးတကRLထဲထည့်ပေးတဲ့သူတွေကို ကျေးဇူးအထူးပါလို့။ အားတဲ့အချိန်တိုင်း ဖန်တီးဖြစ်တာမို့ ဆက်ပီးလဲ ဖတ်ပေးကြပါဦးနော်။ ကိုယ်glလေးတစ်ပုဒ်လဲတင်ထားပါသေးတယ်။ အားရင်ဖတ်ပီးဝေဖန်ပေးဖို့ တောင်းဆိုပါတယ်နော်။ ဖတ်ပေးတဲ့သူတွေကောvoteပေးတဲ့သူတွေကိုပါ ကျေးဇူးအထူးတင်လျက်

Hima Nyeinn

Through The MidNightWhere stories live. Discover now