Part(10)

560 27 12
                                    

"မင်းဘာသိလို့လဲ။တကယ်လို့ ခုချိန်မှာ နေကင်းရာသာ ငါ့အလုပ်ထဲဝင်မလာဘူးဆို မင်းယောကျာ်းက ခုCEOရာထူးက ဆင်းနေရလောက်ပီ။နေကင်းရောက်လာပီး အဲ့ဒီဘိုးတော်ကြီးတွေကို အာဏာပြလိုက်လို့ ငါခုလိုတည်မြဲနေတာ။ခုချိန်မှာ ဦးကျော်ဟန်က ဘယ်လောက်အာဏာပြင်းနေလဲ မင်းသိလို့လား။သူက တခြားရှယ်ယာရှင်တွေကို စည်းရုံးပီး ငါ့ကိုဖြုတ်ချဖို့ ကြံစည်နေတာ။ခုနေကင်းရောက်လာမှသာ ငါ့ရဲ့နောက်ခံအင်အားကိုမြင်ပီး ငြိမ်နေကြတာ။နေကင်းကိုသာ ထွက်ခိုင်းပီး စေရာ့ကို အစားထိုးရင် မတွေးရဲစရာပဲ။ဒါတွေကို နားလည်စမ်းပါ။ငါလုပ်‌ေနတာတွေအကုန်လုံး မင်းတို့သားအမိအတွက်ကြီးပဲ။"

"နားမလည်နိုင်ပါဘူးရှင်။ရှင်က ကျမတို့သားအမိအတွက်ဆိုပီး ဘာလို့ သူမနဲ့ ဖောက်ပြန်ရဲရတာလဲ။ကျမနဲ့ သားလေးမျက်နှာကိုသာထောက်ခဲ့ရင် ရှင်ဖောက်ပြန်ခဲ့မှာတောင်မဟုတ်ဘူး။"

"ဒါတွေက တစ်ချိန်ကအမှားကြီးပဲ။ငါလဲ နောင်တရသင့်သလောက်ရခဲ့ပီးပီပဲလေ။မတော်နိုင်သေးဘူးလား။ခုချိန်မှာ သူမကို ငါစိတ်ကူးထဲတောင် မရှိဘူး။တကယ်ဆိုငါလဲ သူမနဲ့မပတ်သတ်ခဲ့သင့်ပါဘူး။အတိတ်ကိုသာ ပြန်ပြင်ခွင့်ရမယ်ဆိုရင် သေချာပေါက် ငါသူမနဲ့ မတွေ့ခဲ့ဘူး။"

>>>>>>>>>>>>>>>

*အတိတ်ကိုသာ ပြန်ပြင်ခွင့်ရမယ်ဆိုရင်*တဲ့လေ။တကယ်လို့ ပါးသာ အတိတ်ကို ပြန်ပြင်ခွင့်ရခဲ့ရင်လဲ အကောင်းသား။ဒါဆို ဒီလောကကြီးထဲမှာ ငါဆိုတာလဲ ရှိလာတော့မှာ မဟုတ်ဘူးမို့လား။

"အင်း ပြောဘာကိစ္စလဲ။"

ဝင်တာနဲ့ ချက်ချင်းကိုင်တဲ့ဖုန်းကြောင့် အနညး်ငယ်ပြုံးမိသွားရသည်။မဆိုင်တော့လို့ မကိုင်တော့ဘူးလို့ ထင်ထားတာ။

"နောင်တရဖူးလား။"

"ဘာကိုလဲ။"

"ဒီတိုင်း ပါးနဲ့တွေ့ဆုံရလို့၊ဒါမှမဟုတ် ကျတော်နဲ့ ပတ်သတ်ရလို့ နောင်တရဖူးလားလို့။"

"ဟင့်အင်း။မင်းပါပါးနဲ့ တွေ့ဆုံရလို့ နောင်တမရဖူးဘူး။တွေ့ဆုံခွင့်ရခဲ့လို့ ကျေးဇူးတင်မိခဲ့တယ်။မင်းနဲ့ပတ်သတ်ရလို့လဲ နောင်တမရပါဘူး။ဒီလိုပါပဲ ကံကြမ္မာက သတ်မှတ်ပီးသားပဲလေ။ဘာအတွက်များ ကိုယ်လုပ်ခဲ့တာတွေအတွက် နောင်တရရမှာလဲ။"

Through The MidNightWhere stories live. Discover now