Part(2)

968 37 9
                                    

စာသင်ခန်းရဲ့ နောက်ဆုံးတန်းထောင့်တစ်နေရာမှာပေါ့။ ခြေထောက်နှစ်ဖက်ကို စာရေးခုံပေါ် ဟန်ပါပါတင်၊ ကျောရိုးက ထိုင်ခုံအမှီကိုမှီကာ ပျင်းတိပျင်းရွဲ့ပုံစံထိုင်ပီး ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်ကြောင့် အတန်းထဲရှိ မိန်းကလေးတစ်ချို့မှာ နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့ ရွံရှာသလိုလိုကြည့်နေတာကို ဂရုမစိုက်သလို နေမြဲအတိုင်းနေနေသည်က နေကင်းရာဆိုတဲ့ ဂျစ်တူး။အတန်းထဲဆေးလိပ်မသောက်နဲ့လို့ သွားပြောချင်ပေမဲ့ ကိုယ်တွေသွားပြောမဲ့သူက ဘယ်သူမို့လို့လဲ ကျောင်းကဆရာပါမက ပါမောက္ခကိုပါရှိတယ်လို့မတွေးထားတဲ့ နေကင်းရာဆိုတဲ့ လူဆိုးကောင်လေ။ သူ့ရှေ့သွားစကားပြောရင်တောင် လူကိုရှိတယ်လို့မထင်ဘဲ သူကြည့်ချင်ရာကြည့် သူလုပ်ချင်ရာပဲလုပ်နေတတ်တာကြောင့် ဘယ်သူမှလေကုန်ခံပီးသွားပြောမနေတော့။ရုပ်လေးက ချောသလောက် အကျင့်စရိုက်က ခပ်ဆိုးဆိုးပေမို့ လူကိုဘယ်လိုမှကြည့်မရ။မသိတဲ့သူဆိုရင်တော့ ယုန်ပေါက်လေးဆိုပီး သဘောကျကောင်းကျချင်စရာဆိုပေမဲ့ အကြောင်းသိသွားရင်တော့ ဝေးဝေးကတာရှောင်ကြသည်ကများသည်။ တခြားသူတွေက အသံကြားသနားပါစေ၊ရုပ်မြင်ချစ်ခင်ပါစေဆိုပီးမွေးဖွားလာပေမဲ့ သူကတော့ အသံကြား ရိုက်ပေါက်၊ရုပ်မြင်ရှောင်သွားချင်စရာမျက်နှာပေး။တစ်လောကလုံးသာ သူ့လုပ်စာထိုင်စားနေရရင် မတွေးရဲစရာပင်။

သို့သော်ရုတ်တရက်အားလုံးမထင်မှတ်ထားသောကိစ္စကြီးသည် တခဏအတွင်းဖြစ်ပျက်သွားကာ ကျန်ကျောင်းသားများမှာ ရင်တထိတ်ထိတ်နဲ့ ကံဆိုးသူမောင်ရှင်အားသနားစွာကြည့်နေကြသည်။ ဖြစ်သွားတာက ဆေးလိပ်သောက်နေတဲ့ နေကင်းရာရဲ့ ကျောင်းuniformပေါ်သို့ ရေခဲမုန့်များမှောက်ကျသွားခြင်း။တရားခံကိုကြည့်လိုက်တော့ မထင်မှတ်ပဲဖြစ်သွားတာမို့အံ့လဲအံ့ဩပီး ကြောက်လဲကြောက်ရွံ့သွား‌ေသာပံုစံနဲ့‌ေနကင်းအား‌ေငးကြည့်‌ေန‌ေလသည်။ကျားးရှေ့မှောက်ရက်လဲသည်ဆိုတာ သူမှအစစ်။သူလဲတမင်တကာလုပ်တာတော့မဟုတ်ပါ။အတန်းထဲဝင်လာပီး နေရာမှာထိုင်ဖို့အသွား အတန်းထဲမှ အစအနောက်သန်သူတစ်ယောက်ကသူ့ကိုခြေထိုးခံလိုက်ခြင်းကြောင့်ဖြစ်သည်။ရေခဲမုန့်တွေက အခုမှဝယ်လာတာမို့ အရာမယွင်းသေးဘဲ နေကင်းရာပေါ်မှောက်ကျသွားသည်မှာ အကုန်လုံးလိုလိုဖြစ်သည်။ဆေးလိပ်သောက်နေရင်း ဖြစ်သွားတာမို့ထင် နေကင်းရာက နည်းနည်းတော့အလိုမကျသလိုဖြစ်သွားဟန်။ပေသွားတဲ့ အင်ကျီကိုကြည့်ကာ ထိုကောင်လေးအား အေးစက်စက်အသံန‌ဲ့ပင်မေးလိုက်သည်။

Through The MidNightWhere stories live. Discover now