Part(15)

457 19 0
                                    

"နေကင်းရာ ခဏ"

ဆွေးနွေးတာပီးပီမို ပြန်ဖို့လုပ်နေတုန်း စီနီယာတွေက လှမ်းတားတာမို့ အိမ်ပြန်မဲ့ခြေလှမ်းတွေကို ရပ်တန့်ကာ စီနီယာတွေနားသွားလိုက်တယ်။

"နေကင်းကို အကူအညီတောင်းချင်လို့။"

"ဟုတ်ပြောကြည့်လေ။"

"ပညာဒါနကို နေကင်းလိုက်ခဲ့ပေးပါလားလို့။ ကိုယ်တို့က ခုလိုမျိုး ဆန္ဒမမေးဘဲခေါ်ရတာကလဲ နေကင်းမို့လို့ပါ။ နေကင်းက ကိုယ်တို့ဌာနရဲ့ စံပြဆိုတော့ ဆရာတွေက အထူးလိုက်စေချင်တယ်။ဖောင်ဖြည့်တုန်းက နေကင်းက ကိုရီးယားစာအပြင် တခြား တတ်မြောက်ထားတဲ့ ပညာတွေရှိတယ်လို့ ဆရာတွေကပြောတယ်။ အဲ့တာနေကင်းအနေနဲ့ ကိုယ်တို့နဲ့လိုက်ပီး ကလေးတွေကို သင်ပေးစေချင်တာ။ကျောင်းရဲ့ ပုံရိပ်လဲ ပိုကောင်းလာတာပေါ့။ နေကင်းစဉ်းစားပေးပါလား။ "

"ရပါတယ်။ ကျတော့်လဲ အချိန်တွေအားနေတာဆိုတော့။"

နေကင်းအဖြေကိုကြားတော့ အားလုံးက ဝမ်းသာသွားကြသည်။ စီနီယာက ဂျူနီယာကို ပြောတာဆိုပေမဲ့ နေကင်းလိုလူက ကျောင်းအုပ်တောင် ဂရုမစိုက်တဲ့သူမို့လား။ သူမှန်တယ်ထင်ရင် ဘာကိုမှမငဲ့တတ်တာမို့ ကိုယ်တွေက ဝါကြီးပေမဲ့ သူ့ကို အာဏာပြပီးလဲ မခေါ်ရဲ။ မာနကြီးပီး ဂျစ်တစ်တစ်နဲ့ လူ့ဂွစာtypeလို့သတင်းတွေကြားထားပေမဲ့ တကယ်မဟုတ်ပုံပင်။ အေးလေလူတွေက သူ့ထက်သာမနာလိုတွေပဲဟာကို။ မကောင်းသတင်းတွေလွင့်တာပဲနေမှာပါ။

"တကယ်ဆို ကျေးဇူးပါနေကင်း။ ကိုယ်တို့ကပြောသာပြောရတာ နေကင်းမလိုက်မှာဆိုးနေတာ။ ဆရာတွေကလဲ အတင်းအကြပ်ကြီးမလုပ်ခိုင်းဘူးလေ။လိုက်မယ်ဆို သွားတဲ့အခါ ကိုယ်တို့နဲ့ပဲ လိုက်ခဲ့နော်။ကိုယ်ဖုန်းဆက်လိုက်မယ်။"

"ဟုတ်ကဲ့ ရပါတယ်။ ဒါဆို ခွင့်ပြုပါဦး။"

ထွက်သွားတဲ့ နေကင်းကျောပြင်ကိုကြည့်ကာ စီနီယာတွေမှာ ဝမ်းသာမဆုံး။ နေကင်းသာလိုက်ရင် ဒီနှစ်လူစုတာက မနှစ်ကထက်ပိုများမှာပင်။ လင်းရောင်fanနဲ့ နေကင်းfanတွေနဲ့ဆို အင်အားကတောင့်ပီးသားမို့ သူတို့အနေနဲ့ စိတ်ပူစရာမလိုတော့။ ဆရာတွေရှေ့မှာလဲ မျက်နှာပန်းလှပီ။

Through The MidNightМесто, где живут истории. Откройте их для себя