Part(11)

520 22 6
                                    

တဖြူးဖြးတိုက်ခတ်နေတဲ့လေတွေက မျက်နှာနှင့် ဆံနွယ်တွေကို ဝင်ရောက်ထိခတ်လာသည်။ဆောင်းအဝင်ဆိုပေမဲ့ ရန်ကုန်ရဲ့အပူချိန်ကတော့ လျော့မသွားပေ။အနည်းငယ်အေးစိမ့်နေတာကလွဲလို့ နေရောင်ခြည်ရဲ့အပူချိန်နဲ့ အံဝင်ခွင်ကျပါပဲ။
ခေါင်မိုးအပေါ်ထပ်မှာမို့ ဘေးပတ်ဝန်းကျင်ဟာလဲ တိတ်ဆိတ်ငြိမ်သက်လျက်။ထိုသည်ကို အခွင့်ကောင်းယူကာ စကားသံဖွင့်ဟလာသူက စည်းစိမ်။

"တစ်သက်စာ လက်တွဲသွားဖို့ ရည်ရွယ်ထားလား။"

"ဒါပေါ့။ငါသူ့ကို ချစ်တာ ရင်ဘက်ကြီးနဲ့လေ။"

"မင်းမိဘတွေက ခွင့်ပြုမယ်လို့များ ထင်နေလားလင်း။လိင်တူခြင်းကြိုက်တာက ကိုငယ့်ဆီအကူအညီတောင်းပီး ဖြေရှင်းလို့ရတယ်ထား။ခုသူ့အခြေအနေအဆင့်အတန်းကတော့ လုံးဝမဖြစ်နိုင်တာသိတယ်မို့လား။အထူးသဖြင့် ဖုံးဖိလို့မနိုင်တဲ့ ကောလဟာလတွေ။သူနဲ့တွဲတာနဲ့ မင်းရင်ဆိုင်ရမှာတွေက အများကြီးပဲနော် လင်းရောင်။မင်း မစဉ်းစားမိဘူးလား။"

"စဉ်းစားစရာမှမလိုတာ။အဓိက,က သူနဲ့ငါအဆင်ပြေဖို့ပဲလေ။ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနှစ်ရက်တဲ့။ငါသူကလွဲရင် ကျန်တာ ခေါင်းထဲမထည့်ဘူး။"

"မထည့်လို့ရမလားဟေ့ကောင်။ဘူးပေါက်တစ်ရာသာ ပိတ်နိုင်မယ် ပါးစပ်ပေါက်တစ်ရာကိုတော့မပိတ်နိုင်ဘူးကွ။အရာရာ မိဘသဘောကျနေပီး မိဘထောက်ပံ့မှုယူနေရတဲ့မင်းက ကြုံလာမဲ့ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်မယ်ထင်နေတာလား။နေကင်းကတော့ ထားတော့။သူက ဘာဖြစ်ဖြစ်ခါးစည်းပီးခံနိုင်လိမ့်မယ်။ဒါပေမဲ့ မင်းကတော့ မတူဘူးလေ လင်း။မင်းက ခုမှဉခွံထဲက ထွက်လာတဲ့ ငှက်ပေါက်သာသာပဲရှိသေးတာ။အပြင်လောကရဲ့ ဒဏ်တွေကို မင်းမခံရဘူးလို့ မသိဘူး။ဒါကို နားလည်စမ်းပါ လင်းရာ။ငါမင်းတို့ကို သဘောမကျလို့ တားနေတာ မဟုတ်ဘူး။အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ကုန်မှာဆိုးလို့ ပြောနေတာ။"

ခေါင်းမာလွန်းတဲ့ လင်းကို ပြောစရာစကားက ဒီအထိပဲဖြစ်သည်။ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးဆိုသလိုဖြစ်မှာ သူဆိုးပါသည်။လင်းရောင်ဆိုတာ ငယ်ငယ်တည်းက ပေါင်းလာသူမို့ သူ့အခြေအနေကို နားလည်နေပီးသား။နေကင်းရာလောက် ဒီကောင့်မှာ ဘာအတွေ့အကြုံမှမရှိဘူး။တကယ့်တကယ်ပြဿနာကြုံလာရင် သူက နေကင်းရာကို ကာကွယ်ရမဲ့အစား နေကင်းကတောင် သူ့ကိုပြန်ကာကွယ်ရမည့် အနေအထားပင်။ဒါတွေကို ကြိုမြင်လို့ သူ့မှာ လူကြမ်းလုပ်ပီး တားနေရတာ။ဒါကို ဒီကောင်မသိဘူး။

Through The MidNightWhere stories live. Discover now