Part(23)

391 11 0
                                    

"ဆုတောင်းလိုက်ပါဦးနေ။"

"ဟင့်အင်း။ မောင်သာရှိရင် ငါ့ဆုတွေက မတောင်းလဲ ပြည့်တယ်။"

ခုလိုမျိုးပေါ့။ ငါမတောင့်တလဲ အလိုလိုပြည့်စုံသွားတာမျိုး။

အသက်ရှင်ဖို့ လမ်းစပျောက်နေတဲ့ငါ့ကို ရှင်သန်ဖို့နည်းလမ်း မောင်က ရှာဖွေပေးခဲ့သလို....

သူဘယ်တုန်းကမှ သူ့မွေးနေ့ကို မလိုချင်ခဲ့ဘူး။ သူ့မွေးနေ့မှာ သူ‌ေတွးခဲ့ဖူးတာ တစ်ခုတည်း။ အဲ့တာကာ

မမွေးဖွားလာခဲ့ရင် ကောင်းမယ်။ သေသွားခဲ့ရင် ကောင်းမယ်လို့လေ။ သူသာ မမွေးဖွားလာခဲ့ရင် လောကကြီးက ပိုလို့များ လှပနေမလား။ သူဆိုဒါသာ မရှိခဲ့ရင် ကောင်းကင်ကြီးက တိမ်များရှင်းနေမလား။

"မောင့်ကြောင့် အိပ်ရေးပျက်သွားပီလား။"

သန်းခေါင်ကျော်ကြီး ဆွဲခေါ်လာရသည်မို့ အားနာစွာ မေးမိတော့ ရင်ခွင်ထဲက ခေါင်းဖြူလေးက အသာခေါင်းရမ်းပြလာသည်။

"မောင့်ဆီကနေ လိုချင်တဲ့ မွေးနေ့လက်ဆောင်လေးများ မရှိဘူးလား။"

တကယ်ဆို သူ နေ့အတွက် မွေးနေ့လက်ဆောင် ကြိုဝယ်ခဲ့ချင်ပေမဲ့ နေ့အတွက် အသုံးမလိုဖြစ်မှာကို စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် နေကြိုက်တာ၊ နေလိုချင်တာကိုသာ ဝယ်ပေးဖို့ ဆံုးဖြတ်လိုက်တာ။

"မောင့်ဆီက လိုချင်တဲ့ လက်ဆောင်က....."

ပြောမဲ့စကားကို မပြောသေးဘဲ ခေတ္တရပ်ကာ ဆိုဖာပေါ်မှီရင်း သူ့ကို ရင်ခွင်ထဲ ထည့်ထားသူကို မော့ကြည့်ရင်း မေးဖျားလေးအား အသာနမ်းလိုက်သည်။ ပီးမှ ပြောလက်စ စကားကို ဆက်သည်။

" ဒီလိုလေး ငါ့ကို အမြဲချစ်ပေးဖို့ပဲ။"

မတောင်းလဲ ဖြည့်ဆည်းပေးမယ်ဆိုတာ သိပေမဲ့ သူက လောဘကြီးတယ်မို့လား။ မောင်သူ့ကို ချစ်ပီးရင်း ချစ်နေတာကိုပဲ လိုချင်နေတာ။

"အင်း မောင်က ဒီထက်မကကို ချစ်ပေးဦးမှာ။"



"ဒေါ်ထိပ်ထားစေက ဒီတိုင်းငြိမ်နေမယ်လို့ ထင်လား နေကင်း။"

Through The MidNightWhere stories live. Discover now