၁၂၃။ ဇာမဏီ ဆံထိုး

2.6K 365 9
                                    

ထိုသည်က သမားတော်များ၏ ထုံးနည်းမူပင်ဖြစ်သည်ကို နားလည်နေ၍ ဖုန်းယွိဟန် ထုံဆေးဘူးလေးကို ထုတ်ပေးလိုက်သည်။ " ဒီဘူးလေးက အကိုက်အခဲပျောက်ဆေးပါတဲ့ ဘူးလေးပါ ၊ အဲ့ဒါကို လွန်ခဲ့တဲ့နှစ်တွေတုန်းက ပါရှန်းဆရာကြီးတစ်ယောက်ထံကနေ ရထားတာပါ ၊ မြေးတော်လေးကို အဲ့ဒါလေး နည်းနည်းသုံးပေးထားရုံပါ ၊ ဆက်သုံးပေးလိုက်လို့ ရပါတယ် ၊ တစ်ခါသုံးရင် နှစ်နာရီလောက်ခံလို့ အဲ့အခါကြမှ တစ်ခါထပ်ဖျန်းပေးလိုက်ပါ ၊ မြေးတော်လေးက အရမ်းငယ်သေးတော့ မသုံးဘူးဆိုရင် နာတာကို သည်းခံနိုင်လောက်မှာ မဟုတ်ပါဘူး "

ရွှမ်ဖေးယွီက ဖုန်းယွိဟန် သုံးသည်ကိုမြင်ဖူးထား၍ နန်းတွင်းသမားတော်အား ဆရာပြန်လုပ်နေ၏။ " ဒီလိုလေး ဖျန်းလိုက်ရုံပဲ ! ဒီအပေါ်ကဟာလေးကို နှိပ်လိုက်ပြီး ခြေထောက်ပေါ် ဖျန်းလိုက်ရင် မနာတော့ဘူး "

မင်းသားယွမ်နှင့် ယွမ်၀မ်ဖေးတို့နှစ်ယောက်လုံး ဖုန်းယွိဟန်ကို အလွန်ပင် ကျေးဇူးတင်နေမိသည်။ ယွမ်၀မ်ဖေးက သူမ၀တ်ထားသော လက်ကောက်လေးကိုပင် ချွတ်၍ ဖုန်းယွိဟန်အား ပေးနေလေသည်။ ဖုန်းယွိဟန်က လက်မခံချင်၍ ငြင်းနေသည်ကို မြင်သောအခါ မင်းသားယွမ်က ဤသို့ဆိုသည်။ " ယွီအာသက်သာလာမှ ကိုယ်တော်တို့ကိုယ်တိုင် သွားလည်ပြီး ကျေးဇူးတင်ကြောင်းပြောလို့ရတယ်လေ ၊ အခုတော့ ယွီအာကိုခေါ်ပြီး အိမ်တော်ကိုအရင်ပြန်ကြရအောင် "

ထို့ကြောင့် အစေခံတစ်စုသည် မြေးတော်လေးအား ထမ်းစင်ပေါ်သို့ တင်လိုက်ကြပြီး ယွမ်နန်းတော်သို့ ပြန်ရန်ပြင်နေကြလေသည်။ ရွှမ်ဖေးယွီက ထမ်းစင်ပေါ်မှနေ လည်ပြန်ကြည့်ကာ လှမ်းအော်သည်။ " နတ်သမ်ိီး မမ ! သားကို ယွမ်နန်းတော်မှာ လာတွေ့နော် ! ကျိန်းသေ လာတွေ့နော် ! "

ယွမ်၀မ်ဖေးက ရယ်သွားလေ၏။ " ဒေါ်လေးလို့ ခေါ်ရမှာလေ "

ရွှမ်ဖေးယွီက လက်မခံပေ ။ " ဘာလို့ ဒေါ်လေးလ်ို့ ခေါ်ရမှာလဲ ၊ သားက မမကို လက်ထပ်မှာ ! "

တဖြည်းဖြည်းဝေးသွားသော လူတစ်စုကိုကြည့်၍ ဖုန်းယွိဟန် အကြပ်ရိုက်နေမိကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဟူးအန်းချွမ်ထံ လှည့်၍မှာထားလိုက်သည်။ " အဲ့ကလေးပြောတာတွေကို ရွှမ်ထျန်းမင်ကို လုံး၀ ပြန်မပြောနဲ့နော် ! ဘာပဲဖြစ်ဖြစ် သူက အဲ့ကလေးရဲ့ ဦးလေးပဲလေ ၊ သူ့တူနဲ့ဖက်ပြီး ရန်ဖြစ်နေမှာကို ငါတော့ မမြင်ချင်ပါဘူး "

ပဏာမ ဇနီးသည်ဖွား သမီးပျိုΌπου ζουν οι ιστορίες. Ανακάλυψε τώρα