၄၇။ မနှစ်တုန်းက ပထမသခင်မလေးရဲ့ အခန်းထဲကိုလည်း ခိုး၀င်ခဲ့သေးတယ်လေ

3.1K 377 2
                                    

ဖုန်းယွိဟန် ပြုံးမိသွားသည်။

သူမ ခြေလက်များကိုသုံး၍ မတိုက်ခိုက်ရသည်မှာ အတော်လေးကြာနေပြီဖြစ်သည်။ လေ့ကျင့်ရမည့် အဖော်မရှိ၍ သူမ အရည်အချင်းများကျသွားမည်ကို စိုးရိမ်နေခဲ့တာဖြစ်သည်။

သူမ အိပ်ယာပေါ်၌ လူအိပ်နေသည့်ဟန်ရှိအောင် ပြုပြင်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ခန်းဆီးနောက်သို့သွား၍ ပုန်းနေလိုက်သည်။

ပြတင်းပေါက်အပြင်မှ အသံသည် အစကတော့ ကြားရရုံသာဖြစ်ကာ တဖြည်းဖြည်းနှင့် ပို၍ ကျယ်လာလေသည်။ နောက်ဆုံးတွင် ပြတင်းတံခါးသည် ကျွီခနဲမြည်ကာ ပွင့်သွားပြီး အရိပ်တစ်ခုက အခန်းထဲသို့ ခုန်၀င်လာလေသည်။

ကြမ်းပေါ်သို့ ကျသွားသည့် အသံမှာ အနည်းငယ်ကျယ်သွား၍ ထိုလူမှာ တစ်ခဏမျှ တန့်သွားပြီး အတန်ကြာမှသာ ပြန်၍ လှုပ်ရှားရဲလေသည်။

ဖုန်းယွိဟန် ထိုလူအားကြည့်ကာ တကယ်ကို အသုံးမကျတဲ့သူပဲဟု တွေးမိသွားသည်။

ထိုလူကတော့ သူ့ကိုယ်သူ အသုံးမကျဟု ထင်သည့်ဟန်မရှိပေ။ ကုတင်ရှိရာဆီသို့ ခြေသံပြင်းပြင်းဖြင့် လျှောက်သွားရင်း ဘေးဘီတစ်၀ိုက်ကိုပါ လှည့်၍ ကြည့်လေသည်။ ခေါင်းကို နောက်သို့လှန်၍ နဖူးပေါ်ကျနေသည့် ဆံပင်များကိုပါ သပ်တင်လိုက်သေးသည်။

ဖုန်းယွိဟန်သည် လေ့ကျင့်ထားသူဖြစ်၍ ညအမှောင်ထဲတွင်လည်း ကောင်းကောင်းမြင်ရသူဖြစ်သည်။ ထိုလူက မျက်နှာကို အုပ်ထားပေမယ့်လည်း ခန္ဓာကိုယ်တည်ဆောက်ပုံအရ ယောက်ျားတစ်ယောက်ဖြစ်မှန်း သူမ သိသည်။ မြင်နေရသည့် မျက်လုံးများအရ သူမသည် ထိုလူက မည်သူဖြစ်သည်ကို ချက်ချင်း ပြောနိုင်သွားသည်။

ဆိုတော့ သူပေါ့လေ !

အရမ်း ကောင်းတယ် !

သူမ လက်ပိုက်လိုက်ကာ ထိုလူ ကုတင်ရှိရာဆီသို့ ချဥ်းကပ်သွားသည်အား ကြည့်နေလိုက်သည်။ ထိုလူသည် လက်မြှောက်ကာ စောင်စအား ဆွဲယူလိုက်သည်။

ထိုအခါမှသာ အသုံးမကျသည့် ထိုလူသည် အိပ်ယာထဲ၌ လူမရှိသည်ကို သိသွားတာဖြစ်သည်။ သူ အရူးလုပ်ခံလိုက်ရပြီ !

ပဏာမ ဇနီးသည်ဖွား သမီးပျိုWo Geschichten leben. Entdecke jetzt