၁၈၂။ ဘယ်သူ့ ငါ့မန်ထို့ကို ထိရဲတာလဲ

1.5K 220 2
                                    

နှစ်ရက်ကြာပြီးနောက်တွင် ထုံရှန်စံအိမ်အား 'ကျီအန်းခရိုင်ရုံးတော်´ အဖြစ် နာမည်ပြန်ပေးလိုက်ပြီး တံခါးမကြီးကိုလည်း တရား၀င်ဖွင့်လှစ်လိုက်သည်။ ဖုန်းအိမ်တော်နှင့် ဆက်နေသော တံခါးငယ်လေးမှာမူ ဖုန်းယွိဟန်၏ ခိုင်းစေမှုကြောင့် ပိုသေးသွားပြီဖြစ်သည်။

ဖုန်းကျင်းယွမ်က တတ်နိုင်သမျှ သတင်းကို ဖုံးကွယ်ခဲ့ပါသော်လည်း သူနှင့်ယောင်ရှီတို့ ကွာရှင်းလိုက်ကြသည့် သတင်းသည် တစ်မြို့တော်လုံး ပျံ့သွားဖို့ သုံးရက်ပင်မကြာလိုက်ချေ ။ လက်ဖက်ရည်ဆိုင်များမှ ဇာတ်ကြောင်း​ပြောသူများက နာမည်များကို မဖော်ပြသော်လည်း ဖုန်းအိမ်တော်၏အကြောင်းများကို ပြောနေကြသလို လမ်းဘေးမှသူဖုန်းစားများသည်ပင် ကွာရှင်းသည့်အကြောင်းကိုသာ ပြောနေကြလေ၏။

' အမတ်ချုပ်တစ်ယောက် ကွာရှင်းခံရခြင်း´နှင့်အတူ အပြိုင် သတင်းထွက်နေသည်က ပုကုံးပျောက်ဆုံးသွားသည့်အကြောင်းပင် ဖြစ်သည်။

" လောလောဆယ်မှာ အမတ်ပုပိုင်ချီက အရှေ့အရပ်ကိုသွားပြီး ပုကုံးကိုရှာနေပေမယ့် ရှာမတွေ့သေးဘူးလို့ သတင်းပြန်ပို့လာပါတယ်တဲ့ " ၀မ်ချူအန်းက ဖုန်းယွိဟန်အား ခေါင်းဖြီးပေးနေရင်းဖြင့် ဒီရက်ပိုင်းအတွင်း သူမ ကြားခဲ့သည်များကို ပြန်ပြောပြနေသည်။

ဖုန်းယွိဟန် နားမလည်တော့ ။ " အမတ်ပုက ဘာလို့အရှေ့ဘက်မှာ သွားရှာတာတဲ့လဲ "

၀မ်ချူအန်းက ပြန်ဖြေသည်။ " ပုကုံက အရှေ့တပ်က စစ်သူကြီးမို့လို့ပါ ၊ သူသွားမယ်ဆိုရင်တောင် အရှေ့အရပ်ကိုပဲ သွားတာဖြစ်လောက်ပါတယ် "

ဖုန်းယွိဟန်ကတော့ ထိုသို့မတွေးပါ ။ " ပထမဆုံးအနေနဲ့ သူ ဘာလို့ထွက်သွားတာလဲကို စဥ်းစားရမှာလေ ၊ ပြီးတော့ သူ့ကိုနောက်ဆုံး ဘယ်မှာတွေ့ခဲ့တာလဲကို တွက်ကြည့်ရမှာပေါ့ "

ထိုသည်ကို ၀မ်ချူအန်းလည်း နားလည်သည်။ " သူ့ကို နောက်ဆုံးတွေ့ခဲ့ရတာက ဖုန်းထုံခရိုင်ကအပြန်လမ်းမှာပါ ၊ ဖုန်းမိသားစုက လှည်းတွေကို မြှားနဲ့ပစ်ခဲ့ပြီး အမတ်ချုပ်ဖုန်းနဲ့တောင် အချင်းများခဲ့ပါသေးတယ် ၊ ပြီးတော့ ပိတ်ဖြူတစ်စကို ဖြုတ်ယူသွားပြီး သခင်မလေးကို လိုက်ပို့တာလို့ မှတ်လိုက်ဖို့တောင် ပြောခဲ့ပါသေးတယ် "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now