အပိုင်း ၈

469 34 17
                                    

ဆည်းဆာနီမွေးနေ့အပြီး၂ရက်အကြာ၊

ဆေးရုံကုတင်ပေါ်ရှိဆေးပိုက်များကြားတွင်ဖြူဖျော့စွာလဲလျောင်းနေရသော ကိုကြီးအရုဏ်ကိုကြည့်ရင်း လင်းမြတ်ရောင်ဝါသက်ပြင်းချလိုက်မိသည်။သို့သော် သူ့အတွေးတို့က ယခုအချိန် မန္တလေးတစ်မြို့လုံးကို အရူးတစ်ယောက်သဖွယ်မြေလှန်ရှာနေမည့် ကိုကြီးမြတ်မျိုးရိုးကိုတွေးလိုက်မိသောအခါ ပိုလို့ပင် စိတ်ပင်ပန်းသွားရတော့သည်။အပုန်းကောင်းသူကြီးဆည်းဆာနီကတော့ အစအနကိုပျောက်ကာရှာလို့ပင်မရချေ။

အထင်လွဲခြင်းများစွာကြောင့် ယခုတော့အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရုံကလွဲဘာမှဖြစ်မလာခဲ့ပေ။ကြားထဲက မြှောက်ထိုးပင့်ကော်လုပ်မိသလိုဖြစ်သွားသော လင်းမြတ်ရောင်ဝါလဲ သူ့ကိုယ်သူသာအပြစ်တင်၍မဆုံးနိုင်။ကိုကြီးမြတ်မျိုးရိုးသည် ဆည်းဆာနီပျောက်သွားချင်းချင်းကိုပင် အရုဏ့်အတွက်သွေးလှူရင်းတန်းလန်းကြီးတွင် သွေးပိုက်ကိုဆွဲဖြုတ်ကာ ဆည်းဆာနီကိုလိုက်ရှာခဲ့ခြင်းပင်။ဆည်းဆာနီ၏မိဘများထက်ပင် ပို၍စိတ်ပူနေခဲ့သော မြတ်မျိုးရိုးကြောင့် လင်းမြတ်ရောင်ဝါခမြာတအံ့တသြဖြစ်ခဲ့ရသေးသည်။လူကြီးများကမအား၍သူပါဆေးရုံကူစောင့်ပေးရင်းမှ အဖြစ်မှန်များကိုသိရတော့ ပို၍ပင်အံ့သြခဲ့ရသေးသည်။အဖြစ်မှန်များကိုနောက်ကျမှသာသိခဲ့ရပြီမို့ သူ့အတွက်လဲဘာမျှလုပ်မပေးနိုင်သည့်အနေအထားမှာပင်။

--

မြတ်မျိုးရိုးသည် သူ၏ကားကို ဆေးရုံပါကင်နေရာတွင်တစ်ရှိန်ထိုးစက်သပ်လိုက်ကာ ဆေးရုံအဆောက်အအုံထဲသို့ပြေးဝင်သွားလိုက်သည်။ဓာတ်လှေကားထဲသို့တည့်တည့်မတ်မတ်ပင်ဝင်သွားပြီး အရုဏ်ရှိနေသည့်အထပ်ကိုနှိပ်လိုက်သည်။အဘယ့်ကြောင့်ဆိုသော် အရုဏ်ရှိနေသောအထပ်တွင်လင်းမြတ်‌ေရာင်ဝါဆေးရုံစောင့်ပေးနေသည်ကိုသိသောကြောင့်ပေ။

ဓာတ်လှေကားထဲတွင်သူတစ်ဦးတည်းရှိပြီး လေးဘက်လေးလံပိတ်ကာထားသော နေရာတွင် မြတ်မျိုးရိုး သူ၏မျက်ရည်များကိုကျဆင်းခွင့်ပြုလိုက်သည်။သူ့ကလေးလေး...သူ့ကလေးလေးက သူနဲ့ဝေးရာကိုထွက်သွားပြီတဲ့လေ။ထိုသို့သောနှိပ်စက်မှုမျိုးကိုသူလုံးဝမခံစားနိုင်ပေ၊ ဟင့်အင်း ခံစားနိုင်ရန် နှလုံးသားမရှိဟုပင်ဆိုရပေမည်။သူ့ဘက်ကမပွင့်လင်းခဲ့တာ၊ သူ့ဘက်ကအထင်မှားခဲ့တာ အရာရာ သူ့ဘက်ကချည်းပဲစတင်၍ သူ့ဘက်ကချည်းပဲအဆုံးသတ်ပစ်လိုက်သည့် အမှားများစွာပင်။

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now