အပိုင်း ၆

433 39 6
                                    

"ဆည်းဆာလေးရဲ့ သူငယ်ချင်းအိမ်လိပ်စာကို ငါ့ကိုပြော"

ဒေါသူပုန်ထနေသော မြတ်မျိုးရိုးနှင့်ဆန့်ကျင်ဘက် တခြားတစ်ဖက်တွင်တော့..၊

"ဟေ့ကောင် မင်းမညစ်နဲ့ကွာ၊"

"ငါဘယ်မှာညစ်လို့လဲ၊ မင်းဘာသာမင်းရှုံးနေပြီးတော့များ"

အိမ်စာအတူလုပ်ကြရအောင်ဟု ပြောထားသော ‌လင်းမြတ်ရောင်ဝါသည် ယခုတော့လက်ထဲတွင် ဂိမ်းခလုတ်ကိုကိုင်ထားကာ ဆည်းဆာနီနှင့်ဂိမ်းကစားနေလေသည်။ဆည်းဆာနီကချည်းအနိုင်ရနေလေရာ လင်းမြတ်ရောင်ဝါတစ်ယောက် မျက်နှာလေးရှုံ့မဲ့လာလေသည်။

ဆည်းဆာနီသည် ဂိမ်းဆော့နေသော်လဲ အတွေးတို့က ဦးမျိုးဆီရောက်ရောက်သွားသည်။ပြီးတော့ မနက်က ကိုကိုအရုဏ်နှင့် အတူဘုရားသွားခဲ့သည့်အကြောင်းကိုရောသတိရလာသည်။နှစ်တိုင်းလိုလို သူနှင့်အတူသွားနေကြ ဦးမျိုးသည် ရုတ်တရက်ကြီး ကိုကိုအရုဏ်နှင့်သွားသည်တဲ့လေ၊ အကြောင်းပြချက်က သူ့ကျောင်းချိန်မို့လို့တဲ့လား။လိမ်ရင်လဲယုတ္တိရှိရှိလိမ်စမ်းပါ ဦးမျိုးရယ်။

ဆည်းဆာနီသည် အမှတ်အတေးကြီးလှသော ကလေးတစ်ယောက်ဖြစ်သည်။ဒါ့အပြင်အစွဲအလမ်းလဲကြီးလှသေးသည်။ထို့ကြောင့် ဤကလေး၏ ဒဏ်ကိုခံနိုင်သူမှာ မြတ်မျိုးရိုးတစ်ယောက်သာရှိသည်ဟုလူကြီးတွေကပြောကြသည်။ယခုတော့ မြတ်မျိုးရိုးသည်လဲ...။

လင်းမြတ်ရောင်ဝါသည် ဂိမ်းဆော့နေရင်းရှုံးပွဲဆက်လာသောအခါ လက်ထဲမှဂိမ်းခလုတ်ကိုပစ်ချ၍ ဆည်းဆာနီကိုကြမ်းပြင်ပေါ်လှဲချကာ ကလိထိုးလေတော့သည်။ဆည်းဆာနီကလဲ အလစ်အငိုက်မို့ လှုပ်ရှားမှုတို့ကဗရမ်းဗတာဖြစ်ကုန်ကာ နှစ်ယောက်သား ဧည့်ခန်းကြမ်းပြင်ပေါ်တွင်လုံးထွေးနေကြတော့သည်။ထိုစဉ်မှာပင် အိမ်ရှေ့မှ ကားရပ်သံကိုကြားလိုက်ရလေသည်။လင်းမြတ်ရောင်ဝါတို့သည် ရှေ့တွင်ခြံစောင့်အဘိုးကြီးကိုအလုပ်ခန့်ထားသည်မို့ ဝင်ခွင့်ပေးလိုက်ခြင်းကို ကြည့်ရတာ လင်းမြတ်ရောင်ဝါ၏မေမေပြန်လာတာများလား။

လင်းမြတ်ရောင်ဝါကဖြင့် သူ့အမေပြန်လာလာမလာလာ ဂရုပင်မစိုက်ပါချေ။ဆည်းဆာနီကိုသာကလိထိုးရန်စိတ်ကများနေလေသည်။ဆည်းဆာနီကလဲ သူ့အပေါ်မှ လင်းမြတ်ရောင်ဝါ၏ခါးကိုဆွဲဖက်ကာ ကလိပြန်ထိုးလေသည်။ထိုစဉ်မှာပင် ရင်းနှီးနေသောအသံခပ်မာမာကိုကြားလိုက်ရလေသည်။

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now