အပိုင်း ၇

425 37 12
                                    

( A/N I'm not good at writing Drama but I tried a little. ဒရာမာကိုသိပ်မပိုင်ပေမဲ့ရေးတော့ရေးကြည့်ထားပါတယ်။ အရမ်းပေါ့နေရင် ကိုယ့်အပြစ်ပါပဲ။ )

ထိုနေ့ကစ၍ မြတ်မျိုးရိုးအပေါ်တွင် ဆည်းဆာနီလေးသည် သိသိသာသာအေးစက်လာခဲ့သည်။သို့သော် အရုဏ့်ကိုသာအာရုံစိုက်နေခဲ့သော မြတ်မျိုးရိုးကမူ သတိမထားမိခဲ့ချေ။မြတ်မျိုးရိူးသည်လဲ အရုဏ့်ကိုဖွင့်ပြောရန်သာကြိုးစားနေခဲ့၍လွဲမှားနေခြင်းတို့ကိုအာရုံမပြုမိပါချေ။သူထင်ခဲ့သည်က ဒီကောင်လေးလူပျိုဖော်ဝင်လာ၍သူ့ကိုစိမ်းကားနေခြင်းဟုသာထင်ခဲ့မိသည်။တစ်ချို့ကိစ္စများတွင် တေ့ဆိုင်မဖြေရှင်းခြင်းသည် ပိုမိုဆိုးရွားသောအဆုံးသတ်ကိုသာဦးတည်တတ်ကြောင်းသတိပြုသင့်ပေသည်။

ဆည်းဆာနီ၏မေွးနေ့သို့ရောက်ရန် တစ်ပတ်သာလိုတော့သည့်အချိန်တွင်ဖြစ်သည်။၁၆နှစ်ပြည့်မွေးနေ့မို့ မြတ်မျိုးရိုးကရော ဆည်းဆာနီ၏မိဘများကပါ အထူးပြုလုပ်ပေးချင်ကြသည်။သို့သော်လဲ မေွးနေ့ရှင်ဖြစ်သူကတော့ စိတ်ဝင်စားသည့်ဟန်ပင်မပြချေ။မြတ်မျိုးရိုးကမူ ထိုနေ့တွင် ဆည်းဆာနီအတွက်အကြီးမားဆုံးလက်ဆောင်ကိုပြင်ထား၍ ပိုလို့ပင်စိတ်လှုပ်ရှားနေခဲ့သည်။

-----------

လင်းမြတ်ရောင်ဝါသည် ဒီနေ့လဲ ကျောင်းခန်းထဲတွင်အသက်မရှိသလိုထိုင်နေသောဆည်းဆာနီကြောင့်သက်ပြင်းချလိုက်မိသည်။နွေရာသီကျောင်းပိတ်ရက်ပြီးကတည်းကပင် ဆည်းဆာနီသည် တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေခဲ့တာပင်။ထို့ကြောင့် သူလဲ ဒီနေ့မုန့်စားဆင်းချိန်ရောက်လျှင်တော့ အကျိုးအကြောင်းကိုမေးရမည်ဟုတေးထားလိုက်တော့သည်။

မုန့်စားဆင်းချိန်

'' ကဲ ဆည်းဆာနီ၊ မင်းဘာတေွဖြစ်နေတာလဲ ငါ့ကိုပြောပြ၊ ငါဘာဖြစ်နေလို့လဲ ဆိုပြီးတော့ တော့ ငါ့ကိုပြန်မမေးနဲ့နော်၊ မင်းဖြစ်နေတာမင်းအသိဆုံးပဲ၊ မင်းနဲ့ငါက ဘုရားသခင်က ညီအစ်ကိုတေွအဖြစ်နဲ့ဖန်ဆင်းမိရင် ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်မှာစိုးလို့ သူငယ်ချင်းတွေအဖြစ်နဲ့ပဲ ဖန်ဆင်းပေးလိုက်တဲ့သူတွေဆိုတာ သတိရဦး။ မင်းအကြောင်းငါအကုန်သိတယ် ကဲ ပြော ဘာဖြစ်လို့လဲ ''

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now