အပိုင်း ၄

485 38 0
                                    

[Recommend song - love & war remix by yellow claw]

"ပိုးဟပ်ဖြူ"

"ဟင်"

အတန်းချိန်ပြီးသွားပြီဖြစ်၍ ကန်တင်းသွားရန်ပြင်နေသော အရုဏ်အနားသို့ ညီဖြိုးနောင်ကရောက်လာသည်။ညီဖြိုးနောင်နှင့်အရုဏ်တို့သည် ၈တန်းနှစ်ကတည်းကခင်မင်လာခဲ့ကြသည်မှာ ယခုတက္ကသိုလ်ရောက်သည်အထိပင်။ဆယ်တန်းပြီး၍တက္ကသိုလ်လျှောက်ကြပြန်တော့လဲ မြတ်မျိုးရိုးက စီးပွားရေးအထူးပြု ကိုယ်ပိုင်Uniတစ်ခုတွင်တက်ရောက်ပြီး အရုဏ်ကတော့ဖြင့် ညီဖြိုးနောင်နှင့် အမှတ်လဲတူသည့်အပြင် တက်ရောက်မည့်တက္ကသိုလ်ချင်းလဲတူနေခဲ့သည်။

"ကန်တင်းသွားရအောင်လေ၊ ငါနဲ့တစ်ခါတည်းလိုက်ခဲ့ပါလား"

ညီဖြိုးနောင်သည် အသားလတ်လတ်နှင့် အရပ်ရှည်ကာ သူတို့မေဂျာမှ Kingဖြစ်လေသည်။ညီဖြိုးနောင်သည် အပေါင်းအသင်းများလှသော်လဲ အရုဏ်နှင့်သာ ရင်းရင်းနှီးနှီးပေါင်းလေသည်။အရုဏ်ကလဲ မြတ်မျိုးရိုးပြီးလျှင် ညီဖြိုးနောင်ကိုအတော်ခင်လှသည်။ယခုလဲ ကန်တင်းသွားရန် သူ့ကိုအရေးတယူခေါ်နေသည့် ညီဖြိုးနောင်ကိုကြည့်ရင်းအားနာလာရသည်။

"ဟိုဟာလေ ညီဖြိုး၊"

"အင်း"

"ငါ မြတ်မျိုးနဲ့ချိန်းထားလို့ကွ၊ အဲ့တာ သူငါ့ကိုလာကြိုမယ်တဲ့။ ငါသူနဲ့အတူအတန်းလစ်မလို့"

သူ့စကားအဆုံးတွင်မျက်မှောင်ကြုတ်သွားသူက ညီဖြိုးနောင်ပါပေ။နှစ်တွေကြာလှပြီဖြစ်သော်လဲ ညီဖြိုးနောင်နှင့် မြတ်မျိုးရိုးကတော့ လုံးဝမတည့်ပေ။သူတို့နှစ်ဦးစလုံးက အရုဏ်နီင့်ခင်မင်ရင်းနှီးကြပါသော်လဲ အချင်းချင်းတော့ရင်းနှီးဖို့ကိုရော ခင်မင်ဖို့ကိုပါအစီအစဉ်မရှိလှပေ။မြတ်မျိုးရိုးက ကွယ်ရာတွင် ညီဖြိုးနောင်ကို "ဦးနှောက်မရှိတဲ့ကောင်" ဟု သမုတ်သလို ညီဖြိုးနောင်ကလဲ မြတ်မျိုးရိုးကို ကွယ်ရာတွင် "သောက်ပေါကောင်" ဟု သမုတ်တတ်သေးသည်။

ကြားထဲက အရုဏ်ကတော့ ဟိုဘက်နားကဝင်၊ ဒီဘက်နားကပြန်ထွက် သာ ကျင့်သုံး၍ သူတို့ပြောသည်များကိုအတည်ယူမနေပေ။

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now