အပိုင်း ၃

655 57 3
                                    

   "ဦးမျိုးရေ..."

   "ဗျာ.."

ခြံရှေ့အပေါက်ဝမှာ ကုန်းအော်နေသော ပေါက်စနလေးကြောင့် မြတ်မျိုးရိုး အိမ်ထဲတွင် Tvကြည့်နေရာမှထလာခဲ့လိုက်သည်။ထို့နောက် ဖိနပ်ပါးတစ်ခုကိုအမြန်စီးကာ ခြံတံခါးဆီအပြေးလေးသွား၍ ဘိုးဘေးလေးအတွက်ခြံတံခါးအမြန်ဖွင့်ပေးလိုက်သည်။ခြံတံခါးရှေ့တွင်တော့ ဆည်းဆာနီလေးသည် ဘောင်းဘီတိုနီနီလေးနှင့် အင်္ကျီလက်တိုပြာပြာလေးကိုတွဲဖက်ဝတ်ဆင်ထားကာ လက်ထဲတွင်လဲ ဘာထုပ်မှန်းမသိသော ကြွတ်ကြွတ်အိတ်ထုပ်ကြီးသယ်ထားသေးသည်။

   "ရော့၊ ဒီမှာ..၊ ဦးမျိုးအတွက် မေမေ ပေးလိုက်တာ၊ သရက်သီး စိမ်းချိုသီးတွေတဲ့"

လက်ထဲမှ ကြွတ်ကြွတ်အိတ်ကို မြတ်မျိုးရိုးဆီကမ်းပေးရင်း နှုတ်ခမ်းတစ်ထော်ထော်နှင့် ပြောရှာသည်။မြတ်မျိုးရိုးလဲ ထိုကြွတ်ကြွတ်အိတ်ကိုယူလိုက်ရာ အလေးချိန်ကမနည်းလှချေ။မြတ်မျိုးရိုး၏လက်တစ်ဖက်တောင်မှ နင့်ခနဲဖြစ်သွားရသည်။ကလေးပေါက်ဆိုလျှင် လက်နှစ်ဖက်နှင့်သယ်လျှင်တောင်မှ နိုင်လိမ့်မည်မဟုတ်ချေ။

   "ဟင်၊ နေပူကပူ အထုပ်ကလေးရလေးနဲ့ကွာ၊ လာလာ အိမ်ထဲဝင်၊ ကိုကို အအေးတိုက်မယ်နော်"

ဆည်းဆာနီလေးလက်တစ်ဖက်ကိုဆွဲကာ သရက်သီးထုပ်ကိုကိုင်ရင်း အိမ်ထဲသို့ဝင်လာလိုက်သည်။အိမ်ထဲသို့ရောက်သော် သရက်သီးထုပ်ကို မီးဖိုခန်းထဲယူသွားပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ကာ ဆည်းဆာနီလေးသောက်နေကြ ပဲနို့တစ်ဘူးယူကာ ပြန်ထွက်ခဲ့လိုက်တော့သည်။

   "ဟင်၊ သခင်လေး ဘာလိုအပ်လို့လဲ"

မီးဖိုချောင်အပေါက်ဝတွင် အိမ်တွင်အလုပ်လုပ်သောအိမ်တော်ထိန်းအဒေါ်ကြီးနှင့်တိုးလေရာ မြတ်မျိုးရိုးလဲ ပြုံးပြ၍

   "ဘာမှမလိုပါဘူးဗျာ၊ တီလေးနီနီက သရက်သီးတွေပေးလိုက်လို့ ရေခဲသေတ္တာထဲလာထည့်ထားတာ၊ သြော် ဒါနဲ့ အိမ်ကအစ်မကြီးတွေစျေးသွားရင် ပဲနို့၃ကဒ်လောက်ထပ်ဝယ်လာခဲ့ပေးပါဦး၊ ပဲနို့က၂ဘူးပဲကျန်တော့တယ်"

   "ဟုတ်ပါပြီ သခင်လေးရယ်၊ တစ်ခြားရော ဘာဝယ်ခဲ့ရဦးမလဲ၊ ကောင်မလေးတွေကို ခဏနေရင် မောင်တင့်နဲ့အတူစျေးလွှတ်မလို့"

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now