"နေပါအုံး ဟိုဟာ မင်းဖွားတော်ကားမလား လင်းသိုက်"

"ယွန်းမီပါ"

ခုနအထိရယ်နေတဲ့မင်းသန့်ပြုံးမောင်မျက်နှာက ချက်ချင်းမဲမှောင်သွား၏။

"အေးလေ အဲ့တာမင်းဖွားတော်ပေါ့။ ဒင်းက ငါတို့အိမ်ကိုဘာလာလုပ်တာလဲ။ တွေ့မယ်ငါနဲ့"

အင်္ကျီလက်တွေပါပင့်တင့်ကာ မင်းသန့်ဒေါသတွေက တဖန်နှိုးကြွလာပြန်၏။ မီးငယ်ပါးကိုရိုက်သွားတဲ့ဖွားတော်။ကလေးမှာ မျက်နှာလှလှလေးဒဏ်ရာရသွားတာ… အခုအမာရွတ်တောင်မပျောက်သေးတာ အဲ့ဖွားတော်ကထပ်လာပြန်ပြီလား။

"တောက် ! တွေးလေဒေါသကထွက်လေပဲ ငါကွာ…"

"ခဏလေးမင်းသန့်  ကိုယ်ရှင်းပါ့မယ်"

"ဘာကိုလဲကွာ မင်းမရှင်းနဲ့။ မင်းက မျက်နှာနာစရာတွေရှိတယ် ငါပဲသွားပြောမယ်"

"ကိုယ့်ကိုယုံပါကွာ"

"ဟုတ်တယ်မင်းသန့်။လင်းသိုက်က ရှင်းမယ်ဆို သူရှင်းနိုင်တဲ့အခြေအနေမို့ပေါ့ မင်းဒေါသထွက်နေတုန်း မသွားနဲ့"

"ဟာကွာ ! တောက်"

စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကိုထိုးဖွရင်းတောင် ဒေါသကထိမ်းမရအောင်ဖြစ်နေသည်။ ဒီမိန်းမတော့ကွာ… ။ မီးငယ်ကို ကြည့်တော့လည်း မျက်နှာငယ်လေးဖြင့်ကြည့်နေတာမို့ ပြောမဲ့စကားတို့ကို လည်ပင်းမှာတင်ဖျောက်ထားရတော့၏။

"ဝင်နှင့်ကျ… ကိုယ်လိုက်လာခဲ့မယ်"

ထိုစဉ် ထင်လင်းသိုက်ကိုယ်တိုင် ကားပေါ်ကဆင်းသွားသည်။

"ငါကွာ  ဒီမိန်းမနဲ့လည်းအကုသိုလ်ပဲ"

"ဒေါသကိုလျော့ပါအန်ကယ်ရဲ့"

"အေး လျော့ထားတယ် ညည်းကြောင့်ပဲ
လျော့ထားတာ။မြင်လား ဒီမှာ…ပြောမဲ့စကားတွေ လည်ပင်းမှာတစ်နေလို့ လည်ပင်းကြီး ပေါက်ထွက်တော့မှာ"

"ဟင်းနော် ရေချယ်နဲ့လည်းဘာမှမဆိုင်ပဲနဲ့"

ခြံဝင်းအပြင်ဘက်မှာကျန်နေခဲ့တဲ့ အန်ကယ့်နဲ့
မယွန်းမီကို နောက်ပြန်ကြည့်ကာ သက်ပြင်းသာချမိတော့သည်။

HUSBAND:DaddyWhere stories live. Discover now