"ထိုင်လေမီးငယ်"

"ဟိုက်"

"အဲ့ဒီမှာမဟုတ်ဘူးလေ"

"ဟင် ! "

"ဒီလာထိုင်"

သူ့ပေါင်ကိုပုတ်ပြနေတဲ့အန်ကယ်ပါပေ။

"ဟို ရပါတယ်။ရေချယ်ဒီမှာပဲ ထိုင်မယ်နော်
အန်ကယ်လည်းသိပ်ပြီးနေမကောင်းဘူးမလား နားပါ"

"အရင်ကလည်း အခုလိုထိုင်နေကျမဟုတ်ဘူးလား။မီးငယ် ကိုယ့်ကိုရှောင်နေတာပါ"

"ဟာ အဲ့လိုမဟုတ်ပါဘူး။အခုက အန်ကယ်က နေမကောင်းရတဲ့အထဲ ရေချယ့်ကြောင့်
ပိုပြီးနေမကောင်းဖြစ်နေမှာဆိုးလို့"

"လာပါ အမောပြေကလေးရယ်"

"ရော် အန်ကယ်ကလည်းမထိုင်ချင်ပါဘူးဆို အတင်းခေါ်နေတော့တာပဲ"

အန်ကယ့်စကားချိုချိုလေးကြောင့်
၃ခါပြည့်အောင်ခေါ်တာကိုပင်မစောင့်နိုင်တော့ပဲ  ချက်ချင်းပဲ အန်ကယ်ပေါင်ပေါ်မှာ နေရာယူလိုက်တော့သည်။အပိုအနေနဲ့ အန်ကယ့်လည်တိုင်ကို ပိုင်နိုင်စွာဖက်တွယ်တော့
အန်ကယ်ကပြုံးကာ နဖူးချင်းလာတိုက်သည်။

"ပြောပါအုံး ။ ဒီကလေးက ဘာကိုကောက်နေတာလဲ"

"ဘာမှမကောက်ပါဘူး"

"အဲ့တာဆို ဘာဖြစ်လို့ရှောင်နေတာလဲ"

"မရှောင်ပါဘူးနော်"

"ညက အခန်းထဲမအိပ်ဘူး… ဟုတ်တယ်မလား"

"ဟိုက်"

"ကိုယ်ကအနှောင့်အယှက်ဖြစ်စေလို့လား"

ရေချယ့်မျက်နှာကို စေ့စေ့ကြည့်ရင်းမေးလာတာမို့ ညကအဖြစ်အပျက်ကိုမမှတ်မိတာ
သိလိုက်ပြီ။

"ဟင့်အင်း အန်ကယ်ကနေမကောင်းဘူးလေ။ အဲ့တာ ရေချယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်လို့ပါ"

"မဟုတ်တာ"

"အလယ်ကတစ်ခုခုခြားထားပေမဲ့ ရေချယ်က ငြိမ်ငြိမ်မှမအိပ်တတ်တာ။အန်ကယ့်ကို ကန်မိမှာအားနာလို့၊လက်က မျက်နှာကို ရိုက်မိရင်လည်း အားနာစရာကြီးလေ"

"ဒီခြေထောက်လေးတွေနဲ့ ကန်မိမှာဆိုးလို့ ဟုတ်သလား"

"ဟိုက်"

HUSBAND:DaddyWhere stories live. Discover now