“အားရိုး တကယ်ပါဆို”

“ဟုတ်”

ရှောင်းကျန့်လည်း အစေခံမလေးတွေကို ရေးဖို့ စာအုပ်တစ်အုပ်တောင်းလိုက်တယ် ။ အစေခံမလေးတွေကတော့

“ဟဲ့ သူပဲနှိပ်စက်ပြီး ဘာတွေထပ်ကြံအုံးမလဲမသိ”

“တိုးတိုး”

ရှောင်းကျန့် သူတို့ပြောတာတွေ ကြားပါတယ် ။ဒါပေမယ့် မကြားချင်ယောင်ဆောင်ပြီး ရိရှောင်းနားလေးပဲ နေလိုက်သည် ။ ရှောင်းကျန့် ရိရှောင်းကို စာတွေ စိတ်ရှည်လက်ရှည် သင်ပြပေးတယ် ။ ခနကြာတော့ ရိရှောင်းလေးက အိပ်ငိုက်လာတာကြောင့် ရှောင်းကျန့်ပေါင်ပေါ် မှောက်သွားတယ် ။

“ကျွတ် ကျွတ် အိပ်‌ချင်နေပြီလား”

“ဟုတ် မြို့စားကတော်”

“အဟင်း ဦးချောသိပ်မယ်”

ရှောင်းကျန့်လည်း ရိရှောင်းလေးကို ချီကာ ပန်းခြံထဲကို ဟိုလျှောက်ဒီလျှောက်နေလိုက်သည်။

“အိပ်မက်လှလှလေးမက်ပါစေ”

ရိရှောင်းလေး အိပ်ပျော်သွားတော့ ရှောင်းကျန့်လည်း သူအခန်းကုတင်ပေါ် သေချာတင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည် ။ ပြတင်းပေါက်ကနေ ကားဟွန်းသံ ကြားတော့ မြို့စား၀မ်ပြန်လာတာ သိလိုက်သည် ။ ရှောင်းကျန့် ဒိုင်ယာရီထဲမှာတော့ ဉာဉ့်နက်ပိုင်းမှ ပြန်တာများသည်။  အလုပ်ကို နန်းတော်ထဲမှာပဲ အချိန်ကုန်တာများသည်တဲ့ ။ ဒီနေ့တော့ နေ့လယ်ခင်းမှာတင် ပြန်လာသည် ။ရှောင်းကျန့်လည်း သွားကြိုပေးလိုက်သည်။ 

“ဟဲဟဲ ပြန်လာပြီလား”

“အင်း”

မြို့စား၀မ်က ကုတ်အင်္ကျီချိတ်ပြီး အပေါ်ထပ် တက်သွားသည် ။ သေချာပေါက် ရိရှောင်းဆီနေမှာ ။ မြို့စား၀မ်က အေးစက်တဲ့ပုံထင်ရပေမယ့် သူသား
ရိ‌ေရှာင်းအပေါ်တော့ နူးညံ့ပါတယ် ။ ရှောင်းကျန့်လည်း မီးဖိုချောင်ထဲ၀င်သွားလိုက်‌ေတာ့ အစေခံမလေးတစ်သိုက်က ဟင်းချက်နေကြသည် ။ တစ်ချို့ကတော့ ပန်းကန်တွေနဲ့ဇွန်းတွေ ပြင်နေကြသည်  ။ ရှောင်းကျန့်လည်း လျှောက်စပ်စုကြည့်လိုက်တယ် ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now