"မမလေးအကူအညီကို မလိုပါဘူး"

"မင်းတို့လိုအပ်နေတဲ့အကူအညီကို ငါလည်းပေးနိုင်မှာပါခအို။မျိုးဆက်ပြတ်မှာကို မင်းလည်းအလိုမရှိဘူးမဟုတ်လား"

မျိုးနွယ်စုစည်းကမ်းတွေအရ ပထမဆက်ခံသူ
သေဆုံးပြီး နောက်ထပ်ဆက်ခံသူကို 18နှစ်အတွင်း အမွေအနှစ်အားလုံးပေးအပ်ရမည်။ အကယ်၍ မပေးနိုင်ခဲ့လျှင် ထိုဆက်ခံသူက ဘယ်တော့မှ အမွေဆက်ခံခွင့်ရှိတော့မည်မဟုတ် ဆိုတဲ့ စည်းကမ်းရှိလေသည်။အခုဆိုရင် သခင်မလေးရုဒါအို ပျောက်ဆုံးနေခဲ့တာ 17နှစ်တင်းတင်းပြည့်ပြီမို့ နောက်ထပ်တစ်နှစ်အတွင်းရှာမတွေ့ခဲ့လျှင် အမွေတွေကို ဘယ်သူကမျှပိုင်ဆိုင်ခွင့်ရှိမည်မဟုတ်ပါ။

မမလေးယူအာကိုဟာလည်း မွေးစားသမီးမှန်ပေမဲ့ မနာလိုစိတ်များတဲ့သူမကို အသက်5နှစ်ကတည်းက သခင်ကြီးကိုယ်တိုင် အစေခံတစ်ယောက်နှင့်အတူ ငွေကြေးအပြည့်ပေးကာနှင်ထုတ်ခဲ့မှန်း သခင်ကြီးရဲ့လူယုံဖြစ်တဲ့သူသာသိသည်။ ဒါ့အပြင်ယူအာကိုဆိုတဲ့မမလေးကို သိတဲ့လူက Lightစံအိမ်မှာ သိပ်မရှိခဲ့သည်က နောင်တစ်ချိန်  အမွေကိစ္စရှုပ်မည်ဆိုးသည့်အတွက် စီစဉ်ထားတဲ့ သခင်ကြီး၏
အစီအစဉ်တွေဖြစ်လိမ့်မည်။

"ခအို မင်းဘာတွေစဉ်းစားနေတာလဲ ငါ့ကိုမယုံဘူးလား"

"မဟုတ်ပါဘူး"

"ကူညီပါရစေ ခအို။မင်းပင်ပန်းနေတာ ငါမကြည့်ရပ်တော့ဘူး"

နှာခေါင်းထဲစူးရှစွာတိုးဝင်လာတဲ့ ရေမွှေးနံ့နှင့်အတူ ခအိုရဲ့နှုတ်ခမ်းတစ်စုံက နွေးခနဲဖြစ်သွားရ၏။

"မမလေး ! "

"မင်းလိုချင်တယ်မလား ခအို"

အင်္ကျီအောက်ကတဆင့် လျှိုဝင်လာတဲ့လက်ဟာ ရင်ဘတ်ကိုပွတ်သတ်လာလေ၏။ထို့နောက် သူ့နှုတ်ခမ်းတွေကို အိစက်နေတဲ့နှုတ်ခမ်းတစ်စုံနှင့် ထိတွေ့လာသည်။ရူးသွားလောက်အောင်၊
ပြုစားနိုင်တဲ့ အနမ်းတွေကြား ခအိုယစ်မူးသွားကာ ထိုနှုတ်ခမ်းတစ်စုံကို ကိုက်ယူစားသုံးမိ၏။ အပူတပြင်းတောင်းတလာသည့်စိတ်ကို ခန္ဓာကိုယ်ကပါ အလိုလိုတုံ့ပြန်မှုကာ သာယာသည့်ညည်းညူးသံတွေကြား အချိန်အတော်ကြာသည့်အထိ သာယာမိကျသည်ပင်။

HUSBAND:DaddyWhere stories live. Discover now