“ရိရှောင်း အဲ့နားမအိပ်နဲ့တော့ ဦးဦးနဲ့လာအိပ်”

“တကယ်လား ဦးဦး !”

“အင်း”

ရှောင်းကျန့်က ဒူးထောက်ပြီး လက်ဆန့်ပေးလိုက်တော့ ရိရှောင်းလေးက ပြေးလာသည်။

“အင့် သားက ချစ်စရာလေး”

“ဟီးဟီး”

ရှောင်းကျန့်လည်း ရိရှောင်းကို ချီပြီး အပေါ်ထပ် တက်ရပြန်သည်။  ဒီလောက်ကြီးတဲ့ အိမ်တော်ကို ဓာတ်လှေကားလည်း တပ်ခိုင်းရမယ်လို့ ရှောင်းကျန့် တွေးလိုက်သည် ။ အခန်းထဲမရောက်ခင် ရိရှောင်းလေးက ရှောင်းကျန့် ပခုံးမှာတင် အိပ်ပျော်သွားသည် ။

“ ချစ်စရာလေး ငါသားအဖြစ် မွေးစားမယ်”

ရှောင်းကျန့်လည်း ရိရှောင်းဘေးနား ၀င်အိပ်လိုက်သည် ။ ရိရှောင်းက အိပ်ရေးဆော့တော့ ရှောင်းကျန့်ကို ခြေထောက်နဲ့ လာကန်သည်။  ရှောင်းကျန့်လည်း ရင်ခွင်ထဲ ထည့်လိုက်ပြီး ကျောကို ပုတ်ပေးကာ သိပ်လိုက်သည်။

“ကျွတ် ကျွတ် ဦးဦးရှိတယ်နော်”

“အင်း..ဟင်းး”

ရိရှောင်းက ရှောင်းကျန့်ရင်ခွင်ထဲ တိုး၀င်ကာ ပြန်အိပ်သွားသည်။ ရှောင်းကျန့်လည်း မျက်လုံး‌တွေ မှိတ်လိုက်ပြီး အိပ်စက်ခြင်း‌ဆီသို့ ။

\\\\\\\\\

မနက်ရောက်တော့ နေရောင်က ရှောင်းကျန့်မျက်နှာကို လာထိုးတာကြောင့် ရှောင်းကျန့်လည်း နိုးလာသည်။ အရင်ရှောင်းကျန့်ဆိုရင် *ရာရာစစ ငါမျက်နှာကို လာထိုးရလား* ဆိုပြီး နေနတ်မင်းကို ရန်ထောင်နေမှာ အသေအချာ ။ ဒီတစ်ခါလည်း ဘေးနားမှာ ရိရှောင်းလေးက မရှိတော့  ။ ရှောင်းကျန့်လည်း ရေချိုးပြီး လုပ်စရာ ရှိတာ လုပ်ကာ အောက်ထပ် ဆင်းလာသည် ။ (နင်တို့တော့ မသိဘူး ရှောင်းကျန့်အစား ငါမောနေပြီ)

ထမင်းစားခန်းထဲရောက်တော့ မြို့စား၀မ်က မနက်စာ စားနေသည် ။ ရှောင်းကျန့်လည်း ၀င်ထိုင်လိုက်သည် ။ အ‌စေခံနှစ်ယောက်ရယ် ရှောင်းကျန့်နဲ့မြို့စား၀မ်ပဲရှိတာကြောင့် ‌ထမင်းစားခန်းက တိတ်ဆိတ်နေသည် ။ ရှောင်းကျန့်ပဲ ချောင်းဟမ့်ပြီး စကားစလိုက်သည် ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now