ep-1

10.7K 284 22
                                    

Unicode

“ရှောင်းကျန့် ငါဒီဘက်မှာ”

မင်ရန်က ရှောင်းကျန့်ကို သစ်ပင်နားလေးမှာ လက်လှမ်းပြသည် ။ မင်ရန်က ရှောင်းကျန့် crushနေတဲ့သူ ။ သေချာပေါက် crushကတော့ သိမှာမဟုတ်ဘူးပေါ့ ။ ရှောင်းကျန့်လည်း ပဲနို့ဘူး ကိုင်ပြီး မင်ရန်ဆီ သွားလိုက်သည်။ မင်ရန်ကို ပဲနို့ဘူးပေးလိုက်ပြီး

“မင်ရန် အင့်”

“ဟာ ရှောင်းကျန့် ပဲနို့သောက်ရအောင် ငါက ကလေးမှမဟုတ်တာ”

“ဟီး ဟုတ်သားပဲ”

ရှောင်းကျန့်လည်း မျက်နှာပျက်သွားပေမယ့် ပြန်ပြုံးလိုက်သည် ။

“ဟိုလေ..ရှောင်းကျန့်..ငါမင်းကို ပြောစရာရှိတယ်”

ရှောင်းကျန့် နည်းနည်းတော့ ရင်ခုန်လာတယ် ။ မဟုတ်မှလွဲရော မင်ရန်က သူကို ရည်စား စကားပြောမလို့များလား ။

“ဟိုဟာ ငါလေ ရီလျှန်းကို ကြိုက်နေလို့ အဲ့ဒါမင်းကူညီပေးပါလား”

ခလွမ်း ရှောင်းကျန့် အသဲနှလုံးလေး ကြွေမွသွားသည် ။ မျက်ရည်ဝဲလာပေမယ့် ပုတ်ခက်ပုတ်ခက်လုပ်ပြီး

“အဟင်း ငါက ဘာကူညီပေးရမှာလဲ”

“ဟိုဟာ ဒီစာလေး သူကို ပေးပေးပါလား”

“အော် အင်း”

ရှောင်းကျန့်လည်း မင်ရန်ပေးတဲ့စာကို ယူပြီး အိတ်ထဲထည့်လိုက်သည်။

“ဟို ငါသွားပြီနော်”

မင်ရန်က ထွက်သွားတော့ ရှောင်းကျန့်ပဲ အဲ့နားမှာ ငူငူငိုင်ငိုင် ကျန်နေခဲ့သည် ။ မင်ရန်နဲ့ရှောင်းကျန့် ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်လာခဲ့ကြသည် ။ ‌ေ‌ရှာင်းကျန့်က မင်ရန်အ‌ပေါ်ကို သူငယ်ချင်းအဆင့်ထက် ပိုခဲ့ချင်ပေမယ့် မင်ရန်က‌တော့ သူငယ်ချင်းအဆင့်ပဲ ရပ်နေခဲ့သည် ။ နောက်နေ့ကျ သူတို့နှစ်ယောက်ထဲကို ရီလျှန်းဆိုတဲ့ ကောင်မလေးက ၀င်ရောက်လာသည် ။ မင်ရန်က ရီလျှန်းနဲ့ ပိုမိုရင်းနှီးပြီး ရှောင်းကျန့်နဲ့ကျ သိပ်စကားမပြောတော့ ။ ရှောင်းကျန့်လည်း မျက်ရည်‌ေ‌တွ သုတ်လိုက်ပြီး ရီလျှန်းအိမ်၀င်ကာ မင်ရန်ပေးတဲ့ စာကို သူမကို ပေးလိုက်သည် ။ သေချာ‌ေပေါက် သူမကလည်း ပျော်နေမှာဘဲလေ ။ သူမတို့နှစ်ယောက်လုံး စိတ်၀င်စား‌နေကြတာပဲမလား ။ ရှောင်းကျန့်လည်း အိမ်ကို မပြန်ခင် စာကြည့်တိုက်ထဲ ၀င်ပြီး စာထိုင်ဖတ်နေလိုက်သည် ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now