အပိုင်း ၃၀

1.9K 93 0
                                    

" ဟုတ်ပါတယ် အစ်မ ကျွန်မ က Dr.မင်းဟန် ရဲ့ ဇနီးဟောင်းပါ "

" ကျေးဇူးပြုပြီး အစ်မ တို့ သားအမိ ကျွန်မ အိမ်ကနေ ပြန်ထွက်သွားပေးပါလား " မေမေ့ စကားကြောင့် မ မျက်နှာလေးပျက်သွားတာကို ပျို တွေ့လိုက်ရသည်

" မေမေ "

" ညည်းပါးစပ်ကို ပိတ်ထား ခွန်းသစ်ပျို "

" အန်တီ " မ ရဲ့ တိုးလျ တဲ့ ခေါ်သံလေး

" မခေါ်ပါနဲ့ မကြားချင်ဘူး ကျေးဇူးပြုပြီး ညည်းတို့တွေ ပြန်ကြပါ "

" မေမေ သမီး မ နဲ့ မခွဲနိုင်ဘူး "  ပျို ပြောလိုက်မိသည်။

မေမေ့ ရဲ့ လှည့်ကြည့်တဲ့ မျက်ဝန်းတွေ က နာကြည်းမှုတွေ ကို ပျိုအတိုင်းသားတွေ့ရသည် ။

"ညည်း အခန်းထဲဝင်တော့ ခွန်းသစ်ပျို ညည်းစိတ်ချမ်းသာပါစေတော့ဆိုပြီး ညည်းကိုမျက်ရည်ကျပြီး နာကြင်စေတဲ့လူကို ငါ နားလည်လက်ခံပေးခဲ့ ပြီးပြီ အေး ဒါပေမယ့် ငါတို့ဘဝကို ပျက်အောင် ယုတ်မာကောက်ကျစ်ခဲ့တဲ့ လူယုတ်မာ ရဲ့ သွေးကိုတော့ ဘယ်နည်းနဲ့ မှ လက်မခံနိုင်ဘူး "

" မေမေ တို့ လူကြီးတွေ ပြဿနာ သမီးတို့နဲ့ဘာဆိုင်လဲ အခု မ က
အဲ့လူနဲ့လဲ အတူတူနေတာမဟုတ်ဘူး " မ ရဲ့ မျက်ရည်စကို တွေ့လိုက်တာမို့ ပျို့ရင်ထဲ နာကြင်သွားပြီး မေမေ့ ကို ပြောလိုက်မိတဲ့စကားသံက မာသွားသည်ထင်တယ်

" ဖြန်း" အသံနဲ့အတူ ​ပါးပြင်ပေါ်ကျလာသောနာကြင်မှု

" အန်တီ " မ ရဲ့ အသံအပြီးမှာ ပျို မေမေ့ကိုအံသြစွာမော့ကြည့်မိတယ်

" ညည်းကိုငါ ပိုးမွေးသလို ဂရုစိုက်မွေးခဲ့တာ ဒီနေ့ ဒီအချိန်မှာ ငါ့ကိုခံပြောဖို့ မဟုတ်ဘူး ခွန်းသစ်ပျို "

" ဒါပေမယ့် မေမေ ရယ်....." ပျို့ စကားမဆုံးလိုက်

" ရှင်တို့ သားအမိ မပြန်သေးဘူးလား " အခုချိန်မှာ မေမေ့ကို ဘယ်လိုမှ ပြောလို့ ရမယ် မထင်တာကြောင့် မ ကို နှစ်သိမ့်ပေးဖို့ မ ရဲ့ လက်ကလေးကို ကိုင်လိုက်တော့ မေမေ က ဆောင့်ဆွဲလိုက်ကာ

" ညည်းငါ့ကို မရွဲ့နဲ့ ခွန်းသစ်ပျို ငါ မွေးထားတဲ့ သားသမီးက ငါ့စကားနားမထောင်ဘူးဆို တစ်ခါထဲ သတ်ပြစ်လိုက်မယ် "

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now