အပိုင်း ၂၈

2K 93 0
                                    

မမ ရဲ့ အမေးကို ပျို ခေါင်းငြိမ့်ပြလိုက်သည် ။ ပျိုကိုယ်တိုင်လဲ မမ ဆီက အကြင်နာအနမ်းတွေကို မက်မောနေမိတယ်လေ

ပျို ခေါင်းငြိမ့်ပြလိုက်တာနဲ့ မမ က ခန္ဓာကိုယ် နှစ်ခုကို ထပ်ပြီး အိပ်ယာပေါ် လှဲချလိုက်တယ်

ပြီးတော့ အဆက်မပြတ်ကျလာတဲ့ မမ ရဲ့ ရမ္မက်ဆန်ပြီး ကြမ်းတဲ့ အနမ်းတွေကို ပျို မငြင်းဆန်ပဲ မမရဲ့ နူးအိလှတဲ့ နှုတ်ခမ်းလေးကို ပြန်လည် နမ်းရှိုက်နေမိသည်။

ထို့နောက်မှတော့ မမ ရဲ့ လက်တွေက ပျို ရဲ့ အဝတ်စားတွေ ကို ဖယ်ပြစ်လိုက်ပြီး ခန္ဓာကိုယ် အနှံ့ ပြေးလွှားဆော့ကနေလေရဲ့

" ကလေး တကယ်လိုက်ခဲ့မှာလား ဟင် "

" ဟုတ် " ပျို ခေါင်လေးငြိမ့်ပြလိုက်သည်။i

" မ က ဘယ်သွားမယ်လို့ထင်လဲဟင် " မမ က ရီဝေဝေ မျက်လုံးလေးတွေနဲ့ ကြည့်ပြီး မေးလာတယ်

" မမ ဘယ်သွားသွား ဘယ်ကိုပဲခေါ်ခေါ် ခွန်းလိုက်ခဲ့မှာ "

" ချစ်လိုက်တာ ကလေး ရယ် " မမ ရဲ့ အနမ်းတွေက တစ်ဖန်ပြန်လဲ ကျရောက်လာတယ် ဒီတစ်ခါ အနမ်းတွေက ရှယ်ကို ကြမ်းတမ်းလှသည်။

ပျို့ ရဲ့ နှုတ်ခမ်းလေးမှ တစ်ဆင့် လည်တိုင် သို့ အနမ်းတွေ ရောက်လာပြီး တဖြည်းဖြည်း နဲ့ ပျို့ တစ်ကိုယ်လုံးကို ဝါးမြို ပြီး မမ က သွားချင်နေရာကို ပျို့ကို ခေါ်ဆောင်သွားလေတော့သည်။ (ကိုယ့်ဘာသာ ဖြည့်ဖတ်တော့😁😁)

မမ က သူ့ရဲ့ စိတ်ဆန္ဒ တွေ ပြည့်ဝသွားတော့ ပျို့ဘေးနားလှဲချလိုက်ပြီး

" ကလေး "

" ရှင်...မမ "

" မ ကို ဘာလို့ အာ့လောက်ချစ်တာလဲဟင် "

" မသိဘူး မမ ကို Interview တဲ့နေ့ က စမြင်လိုက်ထဲက ရင်ထဲမှာကို တစ်မျိုးကြီးဖြစ်နေတာ "

" ဒါဆို မမ ကို မြင်မြင်ချင်ထဲက ကြိတ်ချစ်သွားတာပေါ့ "

" ဟီး....သိဘူး မေးနဲ့ " ပျို ရဲ့ အပြောကို မမ က ရယ်လိုက်ပြီး

" တကယ် လို့ များ မ က အလုပ်မခန့်ခဲ့ရင်ကော"

" ဒါတော့ ကံပေါ့ မမ ရယ် မမကိုအဝေးကနေပဲ ချစ်နေမှာပေါ့ "

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now