အပိုင်း ၄

2.2K 123 0
                                    

မနက်မိုးလင်း ပျိုးမျက်လုံးဖွင့်ပြီး နာရီကြည့်လိုက်တော့
မနက် ၆ နာရီ ၁၅ မီးနစ်ရှိနေပြီး
ပျို လဲ အိပ်ယာကနေ ထလိုက်ပြီး အလုပ်သွားဖို့ ပြင်ရတော့တယ်

" ပျို သမီး နိုးပြီလား "

" ဟုတ် နိုးပြီ မေမေ "

" မြန်မြန်လုပ် သမီး မနက်စာ မေမေ ပြင်ထားပြီးပြီ အလုပ်နောက်ကျနေမယ် "

" ဟုတ် မေမေ ပျို ရေချိုးလိုက်ဦးမယ် "

ပြောပြီး ပျို ရေအမြန်ချိုးကာ အလုပ်သွားဖို့ အတွက် အဝတ်ရွေးလိုက်တယ် ဒီနေ့ က အပြင်သွားရမှာဆိုတော့ ကားမောင်းဖို့လဲ လွယ်ကူအောင် စတိုလ်ပန် အနက်လေး နဲ့ အပေါ်က T Shirt အဖြူလေး ကို ခါးပတ်လေးနဲ့ တွဲ ဝတ်လိုက်တယ် ပြီးတော့ ထမင်းစားပွဲသို့လျောက်လာလိုက်ပြီးမေမေ ပြင်ပေးထားတဲ့ မနက်ဆာ ကို စားကာ

" မေမေ ပျို သွားပြီနော် " အိမ်နောက်ဖေး မှာ ချက်ပြုတ်နေတဲ့ မေမေ့ ကို လှမ်းပြောပြီး ပျို ထွက်လာခဲ့လိုက်တော့တယ်

မမကုဋေ တို့ အိမ်ရှေ့ရောက် ပျို ဘဲလ်ကို တီးလိုက်တော့ နွယ်နီက ထွက်လာပြီး

" မမပျို ရောက်ပြီလား " ဆိုပြီး ခြံတံခါးကို ဖွင့်ပေးလိုက်တော့ ပျို လဲ ဝင်လာကာ အိမ်ရှေ့ က မမနန္ဒီ ကို တွေ့တော့

"Good Morning မမ နန္ဒီ "

" Morning ညီမလေး မင်း ရဲ့ မင်းသမီးတော့ ညက ဖျားနေရှာတယ် "

" ရှင်! "

" အအေးပတ်သွားတာ နေမယ် "

" ဒါဆို ဒီနေ့ သွားနိုင်ပါ့မလားဟင် မမနန္ဒီ "

" သွားမှာပါ ဒီလိုပါပဲ မမကုဋေ တို့ ဘဝ က " ဟူးမလွယ်လှပါလား မင်းသမီးဖြစ်ရတာ လို့ တွေ့ရင်း

" ပျို အပေါ်တက်တော့မယ်နော် မမနန္ဒီ"

" အေးအေး " ပျို လဲ မမကုဋေ အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်တယ် အထဲမှ အသံမကြာတော့ လက်ကိုင်ဘု လေးကို လှည့်ကြည့်လိုက်တော့ Lock ချ မထားတာနဲ့ တံခါးလေးကို ဖွင့်ပြီး ဝင်ခဲ့လိုက်တယ်
အထဲရောက်တော့

(အော် အိပ်နေတာကို)  ပျို လဲ ပျို့ရဲ့ ပိုက်ဆံအိတ်လေးကို ချပြီး မမကုဋေ ရဲ့ လက်တော့ပ် ကို ဖွင့်ကာ လုပ်စရာ ရှိတာ လုပ်နေလိုက်တော့

မြေခခဲ့ရသောအသည်းပန်းTahanan ng mga kuwento. Tumuklas ngayon