Sehun's Diary Part II

Mulai dari awal
                                    

--------------------------------------------------------------------------------------------------

၂ - ၁

ကျွန်တော့်ဆရာဝန်က အသက်ကြီးကြီး အဘွားကြီးတစ်ယောက်ပဲဗျ။ မဆိုးဘူး သူကတော်တယ်။ သူ နဲ့ စကားပြောရတာ ကောင်းပါတယ်။ သူက ပြောတယ်။ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေ တာကောင်းတယ်တဲ့။ မရယ်ရဘူးလား။ ဪ.. သူက မေးသေးတယ်။ ကျွန်တော်လုပ်ခဲ့သမျှထဲ မလုပ် သင့်ဆုံးက ဘာလဲတဲ့။

ကျွန်တော်ခဏစဉ်းစားပြီးတော့ ဖြေလိုက်မိတာက လုဟန်ကို ကိုယ်ထိလက်ရောက်ဆွဲထိုးမိခဲ့တာတွေ လို့ပေါ့။ ဒါပေမဲ့ စိတ်ထဲက အဖြေက အဲဒါမဟုတ်ဘူးဗျ။

လုဟန်အိမ်ရှေ့မှာမြုပ်ထားခဲ့တဲ့ CCTV ကင်မရာအသေးလေး အကြောင်း...။ ဟားဟား။

၂-၂

ကျွန်တော်တွေ့ပါတယ်။ ခင်ဗျားအိမ်မှာ တစ်လောကလုံးကလူတွေ ဝင်လိုက်ထွက်လိုက်နဲ့လေ။ ကျွန်တော်ဝယ်ထားတဲ့ ကင်မရာက အသံပါဖမ်းပေးတာဆိုတော့ တချို့ကိစ္စတွေ ကျွန်တော် မကြား ချင်ပေမဲ့ ကြားနေရတယ်။ အင်း အခု ကျွန်တော် ကျောင်းတက်နေရပြီ။ ဘာသာစကားအသစ်လည်း သင်နေရတယ်။ သိပ်မအားပေမဲ့ ပြန်လာတာနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး ခင်ဗျားအိမ်တံခါးလေးကို ငေး ကြည့်ရတာလည်း အရသာတစ်မျိုးပဲ။ ကျွန်တော့်ဆရာဝန်ကိုတောင် မပြောပြဖြစ်ဘူး။ သူက ဘယ်လောက်ပဲ မဝေဖန်ဘူးဆိုဆို လူတွေက အမှားလုပ်ထားကြောင်းတော့ ဘယ်သူ့ကိုမှပြောပြချင် မှာ မဟုတ်ဘူးဗျ။

အရေးထဲ Jun Myeon Hyung က ခင်ဗျားအကြောင်းတွေ ပို့ပေးနေတယ်။ သူကလေ.. တကယ် ကောင်းတဲ့သူလား တကယ်ဆိုးတဲ့သူလားတော့ ကျွန်တော်မခွဲတတ်တော့ဘူး။ ခင်ဗျားကော ဘယ်လို ထင်လဲဟင်။ ခင်ဗျားအကြောင်းတွေ ကျွန်တော့်ကို ပို့ပေးခဲ့တဲ့ Jun Myeon Hyung ကို ခင်ဗျား အထင် လွဲဦးမှာလား။

၂-၃

လက်ထပ်ကြမယ် ဟုတ်လား။ ဪ.. ကျွန်တော့်မှာ ရိုလာကိုစတာစီးနေရသလိုပဲ။ ပထမခဏမှာ လန့်သွားပြီး ပြီးတော့ကျ ထိုင်ရယ်နေမိတယ်။ Huang Zi Tao ကော Kris Hyung ကော လန့်သွားမှာ သေချာပါတယ်။ ခင်ဗျားက ကျွန်တော်စိတ်ချဖို့ Tao နဲ့လက်ထပ်မယ်တဲ့လား။ ရှေ့မကြည့် နောက် မကြည့်လုပ်တတ်တာတော့ အရင်အတိုင်းပဲနော်။ ဟင်း.. ကျွန်တော်ထိုင်ရယ်နေမိတာပဲ။

Colors of the Wind [EXO Fanfiction]Tempat cerita menjadi hidup. Temukan sekarang