28

58 6 0
                                    

"Tao ကိုယ်တို့လက်ထပ်ရအောင်"

Luhan သည် ပင်ကိုစိတ်မှကောင်းသေးရဲ့လားဟုKris Wu တွေး နေမိသည်။ တံခါးအပြင်ဘက်မှ သူလည်း ပူထူနေလေပြီ။ ထို စကားသံကပဲ သူ့အတွေးထဲ ရိုက်ခတ်နေသည်။ ဖြစ်နိုင်ရင် သူ တံခါးကိုဖွင့်ဝင်သွားချင်ပြီ။

"Ge မနောက်ပါနဲ့ လက်ထပ်ဖို့ဆိုတာက"

"သိတယ် အဲ့ဒါနောက်စရာမဟုတ်မှန်း။ ကိုယ်တကယ် ပြောနေတာ Tao"

"ဘာ..ဘာဖြစ်လို့.."

Tao ကထိတ်လန့်တုန်လှုပ်နေပြီး Luhan က သွေးအေးအေးနဲ့ ဆက်ပြောနေသောအခါ သူ ဆက်သည်းမခံ နိုင်တော့ပါ။

"မင်း ဘာတွေလျှောက်လုပ်နေတာလဲ Luhan! မင်း ရူးနေပြီလား!!! မင်း Zhang Yixing ကို နည်းနည်းမှ မတွေးတော့ဘူးလား"

"Kris Ge"

Tao ကသူ့လက်ကိုလာဆွဲသည်။ ဘာလဲ လေသံမာသွားလို့လား မင်းက အဆုံးထိ Luhan ဖက်ကပဲလား ကလေး။

"ဟုတ်တယ် ငါ ရူးချင်နေတာ Kris Wu။ ငါအခုထိ မရူးသွားရင်မှ အံ့သြစရာဖြစ်မှာ"

Luhan မျက်လုံးတွေက ရီဝေဝေ။ Tao က အလန့်တကြားနဲ့ Luhan ထိုင်နေရာသို့ပြေးသွားပြီး Luhanရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ရင်း

"Ge ဘာဖြစ်လို့လဲ။ ကျွန်တော့်ကိုပြောလေ။ ကျွန်တော့်ကို ပြောပြ လို့ရတယ်လေ။ နှစ်သစ်ကူးအိမ်မပြန်ချင်တာလား။ ကျွန်တော် အတင်းမတိုက်တွန်းတော့ဘူးနော်။ ဘာမှမပြောတော့ဘူးနော်"

"ကိုယ် Xing နဲ့လက်ထပ်လို့မဖြစ်ဘူး ကိုယ့်အိမ်က ဘာတွေ စီစဉ် နေလဲ ကိုယ်သိတယ်။ မင်းလည်း သိတယ် မဟုတ်လား Tao။ Kris မင်းလည်းသိပါတယ်။ ငါနဲ့ Xing တို့ရဲ့မိဘတွေ ပြေလည်နေ ကြတယ်ဆိုတာ"

"မင်း လက်မထပ်ချင်တော့ဘူး ဟုတ်လား။ အဲ့ဒါ YiXing အတွက် တရားသလား မင်းစဉ်းစားလေ။ မင်းကြောင့် Yixing လည်း သေလု မျောပါးခံစားခဲ့ရတာ။ ဒါတွေကို မင်းသိသိကြီးနဲ့"

"မဟုတ်ဘူး Xing နာကျင်ရတာငါနားလည်ပါတယ် ဒါပေမဲ့ ငါ သူ့ထက်‌ပိုချစ်‌ရမဲ့သူ ရှိ‌နေပြီ‌လေ Kris"

Luhan ရဲ့ပုံစံက ဝေဒနာကြားမှအားတင်းကာ ပြော‌နေရသည့် ပုံစံ မျိုး။ Tao က Luhan ကိုတအံ့တသြ ငေးမောကြည့်နေသည်။

Colors of the Wind [EXO Fanfiction]Onde histórias criam vida. Descubra agora