20

57 7 1
                                    

"Han ကိုယ်ပြန်လာပြီလေ"

ထိုအသံကိုကြားတော့ သူ့တစ်ကိုယ်လုံး အေးစက်တုံ့ခဲသွားသည်။ သူ Sehun နှင့် ပျော်ရွှင်ခွင့်ရနေပြီဆိုတော့မှ ဘာဖြစ်လို့များ။

"ခင်ဗျားက စိတ်ပျက်ဖို့ကောင်းတယ်"

Hun က ထိုသို့ပြောပြီး ကားလမ်းမပေါ်ပြေးတက်သွားသည်။ ဒေါသ ထွက်နေသော ချစ်သူကို သူချော့ရမည်။ သို့သော် သူ့မျက်စိရှေ့တွင် ပင် အရှိန်ပြင်းပြင်းနှင့် လာနေသော ကားတစ်စီးက Sehun ကို မရှောင်လိုက်နိုင်ပါ။ သွေးတွေကြားက Hun...

"မဟုတ်ဘူး...Hun"

ထိတ်လန့်တုန်လှုပ်စွာအော်ဟစ်မိရင်း ရုန်းထလိုက်တော့မှ အိပ်မက် ဆိုးမက်နေကြောင်း သတိထားမိသည်။ ချွေးစီးတွေနဲ့ ရွှဲနစ်နေပြီး ရင်ထဲမှာထိတ်နေတုန်း။ အပြင်မှာ မှောင်မိုက် တိတ်ဆိတ်တုန်းမို့ မိုးမလင်းသေးတာ တော့သေချာသည်။

သူ နာရီကိုမော့ကြည့်လိုက်တော့ မနက် ၁ နာရီခွဲကိုပြနေသည်။ ဒီ အချိန်ကြီးဘာဖြစ်လို့ အိပ်မက်မက်ရ တာလဲ။ သူရင်တုန်တာ ပြေပျောက်စေရန် အိပ်ရာမှထကာ ရေအေးအေး မော့သောက် လိုက်ရသည်။ သို့သော် ကြောက်ရွံ့နေမိဆဲပါပဲ။

Xing ကပြန်ရောက်လာခဲ့တယ်တဲ့။ ထို့နောက် Sehun က accident ဖြစ်သွားတယ်ဆိုပါလား။ ဝိုးတဝါးသာ မြင်လိုက်ရသော Yixing မျက်နှာကလည်း လူမမာတစ်ယောက်လို ဖြူဖျော့နေရင်း Sehun ကလည်း သွေးအိုင်ထဲမှာ။ သူခေါင်းခါပစ်လိုက်ရသည်။ အဆိုးရွားဆုံးသော အနာဂတ်မြင်မက်မှုကြီးကို သူ အိပ်မက်ဆိုး လို့တောင် သဘောထားလို့မရတော့ပါ။ ပြန်တွေးလေ ပိုပြီး ခြောက်လှန့်နေလေ။

အချိန်ဆိုင်းမနေတော့ပဲ သူ Sehun ဖုန်းကို ကောက်ဆက်လိုက်ပါ သည်။ မနက် ၁ နာရီခွဲသည် လူ တစ်ယောက်ကို ဖုန်းမဆက်သင့် တော့သော အချိန်ဖြစ်သော်လည်း သူ့ကိုတော့ Hun ကနားလည် ပေးနိုင် လိမ့်မည်ဟုထင်သည်။ ၄ ၅ ခါနီးပါး Ring သွားပြီးတဲ့နောက် သူကြားချင်နေခဲ့သော ချစ်ရသူအသံ ထွက်ပေါ် လာခဲ့သည်။

"ဘာကိစ္စရှိလို့လဲ Hyung"

အသံကတော့ အိပ်ရာမှထလာသည့်အသံမဟုတ်ပါ။ သို့သော် အလို မကျမှုများပါနေသည့်အသံပါပဲ။ မင်း မျက်မှောင်ကလေး ကုတ်နေ ပြန်ပြီလား ချစ်သူရယ်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now