Sehun's Diary - C

37 6 1
                                    

၁၅

.................. ကျွန်တော် အခုချိန်မှာ ခင်ဗျား ရင်ခွင်ထဲပြေးပြီး ငိုချင်တယ်။ ဒါမှမဟုတ်လည်း Jun Myeon Hyung ဆီကို ပြေးသွားပြီး ပြောပြချင်တယ်။ သူကတော့ ကျွန်တော် ဒီလိုဖြစ်တာကို ကြည့်ရက်မှာ မဟုတ်ဘူး။ အနည်း ဆုံး ကျွန်တော့်အတွက် အဖြေရှာပေးလိမ့်မယ်။ ဒါပေမဲ့ ဒါတွေလုပ်လို့ မရဘူး။ ကျွန်တော် ရင့်ကျက်ရမယ်။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းရမယ်... အရမ်း ဝမ်းနည်းတယ် Hyung။

ခင်ဗျား Ex က ဘာလဲ။ အဲဒီကောင်က ဘာဖြစ်လို့ ပြန်လာမှာလဲ... အဲဒီခံစားချက်ကို ခင်ဗျား သိလား။ ခင်ဗျား အကြောက်ဆုံး အရာတွေက တကယ်ဖြစ်လာတာမျိုးလေ။ အဲဒီကောင်က ခမ်းနားလိုက်တာ။ ခင်ဗျားနား ကျွန်တော်မကပ်စေဖို့ ကိုယ်ရံတော်တွေတောင် လွှတ်လိုက်သေး။ ကျွန်တော့်ကို ဆွဲထိုးလိုက်မှာကို ကျွန်တော် နည်းနည်းမှ မကြောက်ဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ ဝေးဝေးနေ ဆိုတာမျိုးတော့ ကျွန်တော်မှ မကြားချင်ပဲ။

အဲဒီ သတင်းဆိုးကို သယ်ဆောင်လာပေးသူက Kris Wu တဲ့။ အဟက် အဲဒီကောင်ကို ကျွန်တော် မနာလိုဘူး။ ရှုံးမှာ သေချာတဲ့ တိုက်ပွဲကို ကျွန်တော်ကလည်းတိုက်ချင်နေတယ်..။

နှစ်လလောက်အချိန်ရပါသေးတယ်။ ကျွန်တော်နဲ့ ရှိမယ်မလား ဟင် လုဟန်။ ကျွန်တော့်ကို ယုံမယ်မလား။

၁၆

ကျွန်တော်ကတော့ ရှိသမျှအင်အားစုပြီး ခင်ဗျား ရည်းစားဟောင်းကို တိုက်ဖို့လုပ်နေတယ်။ ခင်ဗျားက ဟို ငတုံးကောင်နဲ့ ရုပ်ရှင်တူတူ သွားကြည့်တယ်။ နိုက်စ်! အဲဒီလောက်တောင် သတ္တိရှိလာတာ ကျွန်တော် တော်လို့ပဲ နေမှာပဲ။ လက်တွေ့ကျကျတွေးကြည့်ရင် ခင်ဗျား သူ့ကို မချစ်တာ ကျွန်တော်သိတယ်။ သူကလည်း ခင်ဗျားကို ရိုးသားတယ်။ ခင်ဗျားတို့နှစ်ယောက်လုံးကို ယုံတယ်။ ဒါပေမဲ့ ကျွန်တော်မဟုတ်တဲ့ တခြားကောင်ဆိုတာနဲ့ စိတ်ထဲမှာ အလိုလို တင်းနေပြီ။ အရေးထဲ Jong In ကလည်း အဲဒီကောင်ကို ခေါ်ထုတ်သွားရတယ်လို့။ Jong In နဲ့ အဲဒီကောင် ကျောင်းတူနေတာ ကျွန်တော်မေ့သွားတယ်။ အဲဒီကောင်နဲ့ ကျွန်တော်လည်း ဘာရေစက်လဲ မသိဘူး။ သူ့မျက်နှာက ချစ်ဖို့ကောင်းပေမဲ့ နည်းနည်းမှ ကြည့်မရဘူး။ တကယ့် ကင်ဆာကောင်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now