Sehun's Diary Part II

116 11 3
                                    

ကျွန်တော် ဒီစာပိုဒ်တွေကို ၁ ကနေ ပြန်စသင့်လား။ ဘာဖြစ်လို့လဲဆိုတော့ ဘဝသစ်ဖြစ်သွားပြီမို့လို့။

အိမ်အသစ်၊ ပတ်ဝန်းကျင်အသစ်၊ နေရာအသစ်၊ ဘာသာစကားအသစ်၊ နိုင်ငံအသစ်...။ ဒါပေမဲ့ နှလုံးသားကတော့ မပြောင်းလဲသေးဘူး။ ကျွန်တော် ဒီစာအုပ်ကို လှန်မကြည့်ဖြစ်တာတင်ပဲ တစ်လရှိ သွားပြီ။

ကျွန်တော် ဒီကိုထွက်လာတယ်ဆိုတာကို Jun Myeon Hyung တောင်မသိဘူး။ ဒါက ပြစ်ဒဏ်လေ။ သူ့ကိုကော ကျွန်တော့်ကိုကျွန်တော်ကော ခင်ဗျားကိုပါ ခတ်တဲ့ပြစ်ဒဏ်ပေါ့။ ဘယ်သူမှမသိတာဟာ အားလုံးအတွက် ပြစ်ဒဏ်ပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ သူ့စကားကို ကျွန်တော်နားထောင်ပါတယ်။ ကျွန်တော် ဆေးစစ်ချက်သွားယူခဲ့တယ်။ ပိုက်ဆံ ရှိတာက အသုံးတော့ဝင်တယ်ဗျ။ အမေတို့ချန်ခဲ့တဲ့ ပိုက်ဆံတွေက ကျွန်တော့်တစ်ကိုယ်စာလုံလောက် ပါတယ်။

ဆရာဝန်ကပြောတယ်။ ကျွန်တော့်မှာရှိတာက ရုပ်ခန္ဓာရဲ့ရောဂါမဟုတ်ဘူးတဲ့။ စိတ်ကြောင့်ဖြစ်တာ.. Bipolar တဲ့။ အဲဒီဆေးစစ်ချက်အဖြေရဖို့ ကျွန်တော် တော်တော်ကြီး စောင့်လိုက်ရတယ်။ ရတော့ ဘာ လုပ်လဲသိလား။

ကျွန်တော် ထိုင်ရယ်နေတာဗျ။ သဘောကျလွန်းလို့ တဟားဟားနဲ့ရယ်တာ။ ကျွန်တော်ပြတဲ့ ဆေးရုံက စိတ်ရောဂါဌာနက ကင်ဆာဆောင်ရဲ့ရှေ့တည့်တည့်မှာရှိတာ။ ကင်ဆာဆောင်ကလူနာစောင့်တွေက ကျွန်တော့်ကို ဒီကောင်လေး ရူးနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြလေရဲ့။ အင်းလေ.. မရယ်ရဘူး လား။ Bipolar ဖြစ်နေတာတဲ့လေ။ အား.. တကယ်ပဲ ရယ်ရလွန်းလို့ အဲဒီနေ့က ကျွန်တော် မျက်ရည်ပါ ကျလာမိတယ်။ အဲဒီဆေးစစ်ချက်အဖြေကို ကိုင်ပြီး ပြန်လာတဲ့လမ်းမှာ ကျွန်တော် ငိုမိတယ်။

ဒီအချိန်မှာ ကျွန်တော့်ဘေးမှာ တစ်ယောက်ယောက်ရှိနေရင်ကောင်းမယ်။ ခင်ဗျားမဟုတ်ဘူး။ Jun Myeon Hyung မဟုတ်ဘူး။ Jong In.. ဟုတ်တယ်.. သူရှိနေရင်ကောင်းမယ်။

တစ်ယောက်ထဲဝေးအောင်ထွက်လာပြီးမှတော့ ဘာမှမထူးပါဘူး။ ကျွန်တော် Jun Myeon Hyung ကို တော့ စာပို့ဖြစ်တယ်။ သူနဲ့အဆက်အသွယ်ရှိနေတာဟာ ကျွန်တော့်အတွက် စိတ်သက်သာရာရစေ တယ်။

Colors of the Wind [EXO Fanfiction]Kde žijí příběhy. Začni objevovat