Q & A + Extra

157 10 0
                                    

Q. Sad Ending or Happy Ending?

A. နှစ်ဖက်လုံးကနေ တွေးယူလို့ရပါတယ်။ ဝမ်းနည်းစရာ အဆုံး သတ်ဖြစ်ဖြစ်၊ ပျော်ရွှင်စရာ အဆုံးသတ်ဖြစ်ဖြစ်၊ အဓိကကတော့ Luhan ဟာ Sehun ရဲ့ချစ်ခြင်းတရားကို ခံစားမိသွားပါတယ်။ ကိုယ့်အနေနဲ့လည်း ဝမ်းနည်းစရာကော ပျော်ရွှင်စရာကောကို အတိအလင်း မပေးချင်တာကြောင့် တွေးစရာလေးဖြစ်အောင်ရေး ခဲ့ပါတယ်။

တစ်ဦးထဲ အမြင်ပြောကြည့်ပါဆိုရင်တော့ ကိုယ်ဟာBracelet လေး ရဲ့တည်ရှိမှုကိုယုံပါတယ်။ လူသားတစ်ယောက်ကပေးတဲ့ (ချစ်တဲ့ လူကပဲပေးနိုင်မယ့်) နူးညံ့နွေးထွေးမှုကို ယုံပါတယ်။ အရှေ့မှာ ဘယ်တော့မှပေါ်မလာနဲ့တော့ ဆိုတဲ့စကားကို လိုက်နာမယ့် Sehun ကို ယုံကြည်ပါတယ်။

ကိုယ့်အတွက်တော့ ချစ်ရတဲ့သူတစ်ယောက်လုံး အနားမှာရှိနေပေးမှာမို့ စာအုပ်ကိုမလိုအပ်တော့တဲ့ အထိ နားလည်ပေးပါတော့မယ် အတူတူ ပျော်ပျော်ရွှင်ရွှင်ရှင်သန်သွားကြမယ်ဆိုတဲ့အဓိပ္ပာယ်ကို ပိုယုံကြည်ပါတယ်။

--------------------------------------------------------------------------------------------------

Q.Tao နဲ့ Kris..။ သူတို့ဘာဆက်ဖြစ်သွားကြလဲ။ ဘိုးဘိုးက သဘောတူသလား။ Tao ကကော ချစ်သလား..။

A : Luhan ကို စာအုပ်လာပေးတဲ့အချိန်ထိ Tao က Kris ကို လက်မခံရသေးပါဘူး။ ကိုရှင်းပြပေးရမယ့် တာဝန်ကိုထမ်းဆောင်ပြီးမှသာ Kris ကိုလက်ခံမယ်ဆိုထားတာကြောင့် Jeju ကအပြန်မှာတော့ Kris ဟာ သတင်းကောင်း ကြားရလောက်မှာပါ။ ရှေးရိုးစွဲဆန်တဲ့ ဘိုးဘိုးကတော့ သဘောမတူသေးပေမယ့်မကန့်ကွက်တော့ပါဘူး။ အခြေအနေကိုစောင့်ကြည့်နေတဲ့ သဘော ပါ။ ဒါပေမဲ့ Luhan ရဲ့အရှုပ်အထွေးဟာ Huang ဘိုးဘိုး ကြီးရဲ့စိတ်ကို ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ ဘယ်လိုဖြစ်ဖြစ်Kris ကတော့ သူ့ရဲ့ ကလေးလေး HuangZiTao နားကနေ နောက်တစ်ခါထွက်ခွာတော့မှာ မဟုတ်ပါဘူး။

--------------------------------------------------------------------------------------------------

Q. JongIn ချစ်ရတဲ့သူက ဘယ်သူလဲ။ သူကော Sehun ကို သွားမေးဖြစ်ခဲ့လား။

A. JongIn ချစ်ရတဲ့သူဆိုတာထက်အဲဒီသူဟာJongIn ကိုတော်တော်ချစ်ပေးတဲ့သူ လို့ဆိုရပါမယ်။ ဒါကြောင့်လည်း JongIn ဟာ ဒီအခွင့်အရေးမှာ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်ခွင့်ပြုချင်တာမို့ Sehun နဲ့ပတ်သက်ပြီး ခံစားချက်တွေ ရှင်းလင်းဖို့ သွားမေးခဲ့တာဖြစ်ပါတယ်။ ရလဒ်ကတော့ သူမထင်ထား ခဲ့တာဖြစ်ခဲ့ပြီး Sehun အတွက်ကော သူ့အတွက်ပါ နာကျင်ခဲ့ရပါတယ်။

Colors of the Wind [EXO Fanfiction]Hikayelerin yaşadığı yer. Şimdi keşfedin