ကြောက်ရွံ့သည့်စိတ်ဖြင့် လှိုက်ခနဲ ရင်ထဲမှာ ထိတ်ဖိုရင်း ဘယ်လောက်မြင့်မလဲ ပေ ၃၀ လောက်လား ပေ ၅၀ လောက်များ ဖြစ်မလား။ သူ အောက်ကို လျင်လျင်မြန်မြန်ပဲ ထိုးဆင်းကျသွား သည်။ သူသေသွားနိုင်လား။

"ဗွမ်း" ရေထဲကို ထိတွေ့လိုက်ရသောအခါ ပထမနွေးထွေးမှု ကို ခံစားရပြီးမှ အေးစက်စက်ဖြစ်လာသည်။ သူ ရေထဲမှာ ကူးခတ် လိုက်ဖို့မစဉ်းစားမိပဲ မျက်လုံးတွေကိုလည်း မဖွင့်နိုင်ခဲ့ပဲ ရေအောက် မှာသူနစ်မျော ကြည့်ဖို့ ကြိုးစား နေခဲ့မိသလားပဲ။ လှိုင်းတွေမရှိဘူး လား။ သူအသက်ရှူလို့မရတော့အောင်ကို တစ်ကိုယ်လုံးက ရေ အောက်ထဲ ရောက်နေပြီ။ ဒါ သူအမြင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတဲ့လက္ခဏာပဲ။ ထိုစဉ်မှာပဲ ရေဖိအားတစ်ခုကို သူခံစားသိလိုက်မိ သည်။ သူ အသက်ရှူ ရကျပ်လာပြီး မျက်လုံးဖွင့်လိုက်မိသည့် ခဏ မှာ သူ့ဆီကို ကူးခပ်လာ သည့်Sehun ကိုတွေ့ရသောအခါ သူ သေဆုံးပြီးပြီလားဟုပင် ထင်ယောင်ထင်မှားဖြစ်လာမိသည်။ ကြည်လင် မနေသော်လည်း အခြေအနေကောင်းသေးသည့် ပင်လယ်ရေထဲမှာ Sehun ကိုမြင်ရတာဟာ ယုံကြည်လောက် ဖွယ် ရာတစ်ခုတော့မဟုတ်ပေ။ Sehun ဟာသူ့အတွက်လိုက်ခုန်ချမည့် သူမဟုတ်ပါ။

သို့သော် ထင်ယောင်ထင်မှားမဟုတ်ခဲ့ပဲ တကယ်ပင် Sehun ကသူ့လက်ကိုရေထဲမှာ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်၍ အပေါ်သို့ ကျွမ်းကျင်စွာ ဆွဲခေါ်သွားခဲ့သည်။

ဟင်.. သူ့အတွက် Sehun က လိုက်ကယ်ခဲ့တယ်လား။

"ဟူး.." ရေမျက်နှာပြင်သို့ရောက်သောအခါ သူရေတွေကို မှုတ်ထုတ်ရင်း အသက်မနည်းရှူ နေရသည်။ Sehun လည်း အသက်မနည်းရှူ နေရသလိုပါပဲ။

"S..Sehun" အသံကထွက်မလာခဲ့ပါ။ Sehun ကသူ့ကိုတွဲလျက် ကမ်းခြေဖက်သို့ဆွဲခေါ်သွားသည်။ ထိုတော့မှ သူခုန်ချခဲ့သော နေရာသည် အန္တရာယ်အလွန်များသောနေရာဖြစ်ကြောင်း Luhan သတိပြုလိုက်မိသည်။ ရေအားအလွန်သန်နေသော နေရာကိုမှ သူခုန်ချခဲ့လေခြင်း။ ပြီးတော့ ထင်ထားတာထက် ရေကအများကြီး ပိုနက်နေခဲ့တာ။ သူSehun လက်ကိုပို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ Sehun ဆွဲသွားရာ နောက်သို့ လိုက်လာမိသည်။ တဖြည်းဖြည်းနဲ့ ရေက ခြေထောက်ထောက်လို့ရသော အတိမ်သို့ ရောက်ရှိလာခဲ့သည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now