စာအုပ်ကလေးများ၏ အဖုံးတွင် နာမည်စတစ်ကာလေးတွေ ကပ်ထား၏။ KimJunMyeon ဟူ သောစာအုပ်ကို မြင်လိုက်တော့ သူနေ့လည်ကအဖြစ်အပျက် ကိုသတိရမိပြီး ခပ်မဲ့မဲ့ ပြုံးလိုက်မိ ချေသည်။ စာအုပ်လေးက နည်းနည်းပင် ဟောင်းနွမ်းချင်နေပြီ။ ထိုစာအုပ်၏ အဖွင့်စာမျက်နှာကို လှန်ကြည့်လိုက်တော့ ခပ်ရွဲရွဲ ကလေး လက်ရေးများနှင့် ရေးထားသော စာ ၁ ကြောင်းကို တွေ့လိုက်ရ၏။

"ဒီနေ့စက်ဘီးစီးရင်းတွေ့ခဲ့တဲ့ Hyung ကအရမ်းချောတယ်။ ပြီးတော့ သဘောလဲကောင်းတယ်။ မှားသွားတဲ့အခါ မဆူပဲ ပြောပြပေးတယ်။အဲဒီ Hyung လို အကိုမျိုးလိုချင်တယ်" ဟူ၍။ သူတော်တော်လောဘကြီးခဲ့တာပဲ။

သူသက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း နောက်စာမျက်နှာတွေကို ခပ်သွက်သွက်လှန်လိုက်၏။ စာမျက်နှာ အပြည့်၊ တခါ တလေတော့လဲ တစ်မျက်နှာမှာတစ်ကြောင်း နှစ်ကြောင်း ရေးထားသော ထိုစာအုပ်သည် စာမျက်နှာ တော်တော် များများ ကုန်လုပြီ။

သူခေါင်းခါလိုက်ရင်း ထိုစာအုပ်ကိုပိတ်လိုက်ပြီး သေတ္တာ အောက်ဆုံးထဲ ထိုးထည့်လိုက်ကာ စာအုပ် အသစ်တစ်ခု ကို ထုတ်ယူလိုက်သည်။ တစ်စုံတစ်ခုရေးရန်စဉ်းစားနေသောအခါ မနက်ကတွေ့သော အရူးကလေး ကသူ့ခေါင်းထဲ ပေါ်လာ၏။ ထူးထူးခြားခြားပန်းတွေနဲ့ လိုက်ဖက်တဲ့ကောင်ကလေး၊ ပန်းကလေးတွေကိုငေးမောကာငိုင်တွေနေတဲ့ သူ့ အတွက် Oh Sehun တစ်ယောက် သတ္တိရှိစွာ ကားကြားထဲ စကိတ် လျှောက်စီး ခဲ့တာ။

'ငါအတော်ရူးတာပဲ' သူ့ကိုယ်သူမှတ်ချက်ပေးရင်း Sehun ပြုံးမိလိုက်သည်။ စာအုပ်ကလေးတွင် ထိုအရူးလေး အကြောင်း ရေးရမည်လား။ သို့သော် သူနှင့်မခင်သေးပဲ လူတစ်ယောက် အကြောင်းကို ဘယ်တော့မှ မရေး တတ် သော Sehun အဖို့ နည်းနည်းအခက်တွေ့နေသည်။ နာမည်မသိ၊ ဘယ်ကမှန်းမသိ ဘယ်ကျောင်းကမှန်း မသိသော ကောင်လေးတစ်ယောက်ကို ထပ်တွေ့ဖို့ကဒီလောက်မလွယ်ပါ။ ဆိုးလ် တွင်လူဦးရေ သန်းပေါင်း များစွာရှိပါသည်။ သို့သော် သူ့အာရုံထဲတွင် စကားမပြောပဲသူ့ကို ခပ်ထွေထွေလေးကြည့်နေခဲ့သော ထို မျက်ဝန်း လှလှကလေးတစ်စုံ ကပ်ငြိနေပြီဖြစ်ကြောင်းတော့ သူဝန်ခံရပေလိမ့်မည်။ နာကျင်ရိပ် များပြည့်နေ သော ဖျော့တော့သည့်မျက်ဝန်းများ။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပြီးနောက် စာအုပ်အသစ် ကလေး ၏ ပထမ ဆုံး စာမျက်နှာ တွင် သူခဲတံကလေးနှင့် ခပ်သွက်သွက် ကလေး ချရေး လိုက်၏။

Colors of the Wind [EXO Fanfiction]Where stories live. Discover now