Epilogue

711 69 24
                                    

Kim TaeHwan ♡ Ha Moon Yeob

အဖြူရောင် နှင်းဆီ၊ကျူးလစ်နှင့်ကြယ်ပန်းကိုသုံးထားကာ မင်္ဂလာပွဲတစ်ခုလုံးကလှပနေသည်။Kim Groupပိုင် 5Stars Hotelတစ်ခုအတွင်းက 108လွှာမြောက်တွင် ခမ်းနားလှတဲ့ ကင်မ်မိသားစုသားကြီးရဲ့လက်ထပ်ပွဲ။

ခန်းမအတွင်း ထယ်ယောင်းနှင့်ဟိုဆော့လည်းရှိနေကာ ဟိုဆော့ကတော့အားကျသောမျက်ဝန်းများဖြင့် အဖြူရောင်တွေကြားငွေရောင်တွေတောက်တောက်ပပ။ထယ်ယောင်းသည် ဆန့်ကျင့်ဘက်အနေနှင့် မျက်နှာထက်စူပုတ်ကာအလိုမကျမှုတို့အတိုင်းသား။

"လူကြီးမင်း..ပြုံးပြုံးလေးမနေရင်တောင်စူပုတ်မနေနဲ့လေ အစ်ကိုကြီးရဲ့မင်္ဂလာအခမ်းအနားကို"

ဟိုဆော့ပြောကာမှ ထယ်ယောင်း၏စူပုတ်နေသောမျက်နှာမှာအနည်းငယ်ပြေလျော့သွားတော့သည်။မပြေလို့ ‌အရင်တစ်ခါကလိုစိတ်ကောက်သွားရင် သူရူးမှာလေ။ဒါပေမယ့် မွန်ယော့ကိုယောက်ဖတော်ရမယ့်အဖြစ်ကို သူဘယ်လိုမှကိုလက်မခံနိုင်။သို့သော်ငြား အစ်ကိုဖြစ်သူက ဟာမွန်ယော့ကိုမှဆိုတော့လည်း သူဟာဘာမှမတတ်နိုင်ပြန်တော့။

ပွဲတစ်လျှောက်လုံး ဟိုဆော့ကတက်ကြွနေကာ အားကျနေတာကြောင့် ထယ်ယောင်းလက်ကိုဖွဖွဖိညှစ်လိုက်ပြီး

"နောက်နှစ်ကျ ကိုကိုတို့အလှည့်လေ"

ဟိုဆော့ကသူ့ကိုကြည့်ပြီးခေါင်းညိတ်ပြ၍ ရယ်၏။ထယ်ယောင်းလည်းအခုမှသာပြုံးနိုင်ကာ ရှေ့ကအမြင်ကပ်စရာတွေကိုလျစ်လျူရှုထားလိုက်သည်။
မွန်ယော့နှင့်အစ်ကိုဖြစ်သူကတော့ အပျော်ဆုံးလူသားများအဖြစ်ရပ်တည်နေ၍ မွန်ယော့သည်အမြင်ကပ်စရာအကောင်းဆုံး။

"ယောက်ဖရေ နောက်ဆိုဒီအစ်ကိုကြီးကိုရိုသေရတော့မှာနော်"

သူ့ပုခုံးကိုလာပုတ်သောမွန်ယော့လက်ကိုခါချရင်း မျက်လုံးကိုသာပြူးပြလိုက်သည်။မွန်ယော့ကသဘောတကျရယ်၍ ဟို‌ေ‌ဆာ့ကိုကြည့်ပြီးအကဲခတ်သည်။

"ဟိုဆော့..ငါ့သူငယ်ချင်းကိုမင်းလက်ထဲအပ်မယ်နော်။လူ့ဂွစာအဘိုးကြီးဆိုပေမယ့် စိတ်ထားလေးတော့ကောင်းပါတယ်။ မင်းသိလား ဒီကောင့်မှာငါကလွဲပြီးတခြားသူငယ်ချင်းမရှိဘူး။ငါ့ကိုတောင်အားနာပါးနာနဲ့သူငယ်ချင်းတော်ထားတာ အထက်တန်းကတည်းကအတူတက်တာမလို့လေ။ လုံးဝလူမှုရေးကောင်းတဲ့ကောင်မဟုတ်ဘူး။ ထယ်ယောင်းသာရုပ်‌မချောရင်ငါဒီကောင့်ကိုတစ်စစီလုပ်ပစ်တယ်။ငါမှတ်မိသေးတယ် သူ့အသက်၂၀ပြည့်မွေးနေ့တုန်းက ငါလာတာကိုသူဖြစ်သွားတဲ့မျက်နှာကလေ အခုမျက်နှာနဲ့တစ်ပုံစံတည်းပဲ။ကြည့်ရတာ သူကငါပွဲတွေတက်တာမကြိုက်ဘူးထင်တယ်"

My Apprentice LadWhere stories live. Discover now