Episode Three

318 58 4
                                    

"ကျေးဇူးပါဗျ"

"ဟုတ်ကဲ့ လိုအပ်တာရှိရင်ခေါ်လိုက်ပါနော်"

အနှီးစကားအားရှက်သွေးဖြာကာပြောသော‌ဝန်ထမ်းကောင်မလေးအား သူခေါင်းညိတ်နှုတ်ဆက်ရင်း အတွေးတချို့ခေါင်းထဲဝင်လာပြန်သည်။

'အခု ဒီအခန်းထဲကိုဝင်ပြီးပြန်ထွက်လိုက်တာနဲ့ ငါကလောကငရဲထဲကသားကောင်တစ်ကောင်ဖြစ်သွားပြီပဲ။'

တံခါးလက်ကိုင်ကိုလှည့်ကာဝင်လိုက်တော့ Menuကိုင်ကာစောင့်နေသော မိန်းကလေးတစ်ယောက်နှင့် သူမဘေးတွင်ရပ်ကာစောင့်နေသော ဆိုင်၏ဝန်ထမ်းကောင်မလေးတစ်ယောက်ရှိနေသည်။ထယ်ယောင်းဝင်လာသည်နှင့် နှစ်ယောက်လုံးကငေးမောသွားပြီးမှ ထိုအမျိုးသမီးက မတ်တပ်ရပ်လာကာ

"ချွဲဂိုယူပါ ကင်မ်ထယ်ယောင်းရှီ"

"ဟုတ်ကဲ့.."

သူ့ကိုလက်ကမ်းပေးကာနှုတ်ဆက်လာသောအမျိုးသမီးအား လက်ဆွဲနှုတ်ဆက်လိုက်ကာ ထိုအမျိုးသမီးနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်၍ သူ့ရှေ့မှအမျိုးသမီးကိုအကဲခတ်လိုက်သည်။အဖြူရောင်ဖဲသားဂါဝန်အရှည်ကိုသာရိုးရှင်းစွာဝတ်ထား၍ ခါးလယ်လောက်ရှိသောအနက်ရောင်ဆံနွယ်များကိုချထားသော ထိုမိန်းကလေးသည်မိတ်ကပ်ပါးပါးနှင့်နှုတ်ခမ်းကိုပန်း‌ေရာင်စိုစို‌ေလးဆိုးထားသည်မှာ ရိုးရှင်း၍တော်တော်လှပါသည်။အရမ်းကြီးကလပ်တက်တက်အမူအကျင့်နှင့်မိန်းကလေးမျိုးမဟုတ်တာမို့ ထယ်ယောင်းစိတ်အေးသွားရသည်။စားစရာများမှာရန်Menuကိုဖွင့်ကြည့်လိုက်ပြီး မြင်လိုက်ရသောဈေးနှုန်းများကြောင့် ထယ်ယောင်းဒူးပင်ကွေးချင်သွားရပြီး စိတ်ကိုမနည်းထိန်း၍ အသက်သာဆုံးဖြစ်မည်ထင်ရသော Steakတစ်မျိုးသာမှာလိုက်သည်။သူ့ရှေ့မှအမျိုးသမီးသည်လည်း သူ့နည်းတူ Steakတစ်ပွဲသာမှာကာ ရှန်ပိန်တစ်ပုလင်းမှာလိုက်သောကြောင့် သူလည်းဘာမှဝင်မပြောဘဲနေလိုက်၍ ဝန်ထမ်းကောင်မလေးထွက်သွားကာမှ တစ်ဖက်မိန်းကလေးက စကားစလာသည်။

"Taehyung ssi တကယ်ချောတာပဲ။
ကျွန်မတို့တက္ကသိုလ်ထိကျော်ကြားလွန်းတော့
ရှင့်သတင်းတွေကြားရပေမယ့် ဒီလောက်ချောလိမ့်မယ်လို့တော့မထင်ထားဘူး"

My Apprentice LadWhere stories live. Discover now