Prologue

1.2K 86 13
                                    

တောင်ကိုရီးယားနိုင်ငံ၊ဆိုလ်းမြို့။

Azole Groupအပိုင်Company တစ်ခုအတွင်းတွင်ဖြစ်သည်။

အလုပ်သင်ကောင်လေးတစ်ယောက်သည်မန်နေဂျာဖြစ်သူထံတွင်အဆူခံနေရှာ၏။

"တောင်းပန်ပါတယ်စီနီယာ..နောက်မဖြစ်စေရပါဘူး"

"မင်းတို့ကတော့ တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူးဆိုတာနဲ့ပြီးသွားတာပဲ..အလုပ်သင်ဆိုပြီး Project တစ်ခုကိုဖြစ်သလို ပြီးစလွယ် ပြီးပြီးရောလုပ်လို့မရဘူး။အလုပ်သင်ကာလဆိုတာ ဝန်ထမ်းဘဝရဲ့အစမို့သေချာဂရုစိုက်သင့်တယ်။အလုပ်သင်ကာလကတည်းက ဒီအလုပ်ကိုသေချာမလုပ်နိုင်ဘူး အလွဲလွဲအမှားမှားတွေဖြစ်နေမယ်ဆိုရင် ဘယ်အထက်လူကြီးကမှမင်းကိုလက်ခံမှာမဟုတ်ဘူး။
ငါမင်းအတွက်ကိုပြောနေတာ။မင်းအမြဲဝန်ထမ်းဖြစ်ဖို့ဆိုရင် အလုပ်သင်ကာလမှာ ကောင်းကောင်းမွန်မွန်လုပ်နိုင်ရမယ်။အလုပ်သင်အချိန်မှာအကောင်းဆုံးလုပ်နိုင်ရင် မင်းအတွက်အကောင်းဆုံးပဲ။နောက်မဖြစ်စေရဘူးဆိုတဲ့စကားက တာဝန်ယူတတ်တဲ့သူတွေအတွက်ပဲဖြစ်သင့်တယ်။မင်းအခုအဲ့စကားကိုပြောလိုက်တဲ့အတွက် မင်းတာဝန်ယူမှုရှိရမယ်။မင်းစကားအတိုင်း နောက်မဖြစ်စေဖို့သတိထားပါ။ သွားလို့ရပြီ"

"ဟုတ်ကဲ့ပါစီနီယာ"

ထွက်သွားသောအလုပ်သင်ကောင်လေးကိုကြည့်ကာ သက်ပြင်းချမိရင်း နက်ခ်တိုင်ကိုလျော့ချရင်း လေပူတွေမှုတ်ထုတ်လိုက်၍ မျက်လုံးကိုမှိတ်လိုက်ကာ

"ဘယ်အချိန်မှများ အလိုက်သိတဲ့အလုပ်သင်နဲ့ကြုံမှာလဲ။ ခံလိုက်ဦးပေါ့ ထယ်ယောင်းရေ မင်းရွေးတာညံ့တာကို"

တစ်ယောက်တည်းညည်းညူလိုက်ပြီး ပြင်စရာရှိတာများပြင်လိုက်ရသည်။7နာရီလောက်ကျမှအားလုံးပြီးသွားသောကြောင့် ချွတ်ထားသော Longcoatကိုဝတ်၍ ရုံးခန်းထဲမှထွက်လာလိုက်မိ၏။Companyတွင်းသူတစ်ယောက်တည်းသာကျန်သောကြောင့် စိတ်ပျက်ပျက်နှင့်ပင် အမြန်ထွက်လာလိုက်ကာ အိမ်ပြန်ရန် ပါကင်သို့လျှောက်လာလိုက်သည်။

"ဒီပုံစံနဲ့ဆို ငါအသက်30ပြည့်ရင်တောင် မိန်းမ,မရလောက်ဘူး"

မြို့ပတ်လမ်းကိုပတ်မောင်းရင်းတီးတိုးစွာရေရွတ်မိပြန်သည်။အသက်28နှစ်သာပြည့်ပြီးသွားသော်လည်း ရည်းစားသူငှာရယ်လို့မရှိ။အလုပ်ထဲပဲခေါင်းနစ်ထားကာ သွားလည်းအလုပ်၊စားလည်းအလုပ်၊အိပ်လည်းအလုပ်ဖြင့် အလုပ်နှင့်သာ In a relationship ဖြစ်နေ၍ မိန်းမယူရန်လည်း အလုပ်သင်ကောင်မလေးများနှင့် ဝန်ထမ်းကောင်မလေးများမှလွဲ ဘယ်မိန်းကလေးနှင့်မှမရင်းနှီး။တက္ကသိုလ်တက်တုန်းကလည်းရည်းစားထားဖို့မတွေးအားဘဲ စာနှင့်အလုပ်ကိုသာအာရုံစိုက်မိသောကြောင့် ရည်းစားဟောင်းမိန်းကလေးလည်းမရှိပေ။

My Apprentice LadWhere stories live. Discover now