Episode Twelve

363 61 7
                                    

ဟိုဆော့‌ခေတ္တမျှကြောင်သွားပြီးမှပြုံးစိစိဖြစ်လာသည်။
'ဒီလူကြီးကတော့ကွာ'

မွန်ယော့မှာတော့ကြောင်တောင်တောင်လေးဖြစ်နေရသည်။ဘာတွေလဲ။အခုသူ့ကိုဘာလို့အပြစ်သားတစ်ယောက်လို မဟုတ်တာလုပ်နေတဲ့လူတစ်ယောက်လိုကြည့်ပြီးဘာတွေသတိလာပေးနေတာလဲ။ဟိုဆော့ကိုထိရအောင် အင်း..ဟုတ်တယ်။

ပထမဆုံးဥက္ကဌဂျောင်။သူ့သားကိုအင်ချွန်းမှာပြောင်းထားချင်တယ်ဆိုလို့ သူ့မှာလက်ခံထားရပြီး ထိုကောင်လေးမွှေတာမှန်သမျှခံစားနေရသည်။နောက်ဆုံး အိမ်ပေါ်တက်လာတဲ့အထိသူသည်းခံနေရသည်။ဒါပေမယ့်လည်းအဲ့ဲဒီကောင်လေးကဥက္ကဌ၏တစ်ဦးတည်းသောသဲသဲလှုပ်သားတော်မောင်ဖြစ်နေတာကြောင့် အလိုလိုက်ကာအကြိုက်ဆောင်နေရသေးသည်။

အခုလည်းကင်မ်ထယ်ယောင်းကလာပြီး မထိပါးဖို့ပြောလာတော့ မွန်ယော့မှာထိုင်ငိုချင်လာရပြီး အခြေအနေတွေကိုဘာမှနားမလည်နိုင်ပေမယ့်
သူ့ကိုစိမ်းစိမ်းဝါးဝါးကြည့်နေသောထယ်ယောင်းကြောင့် ကြက်သီးတွေထလာကာခေါင်းညိတ်လိုက်ပြီး

"မထိဘူး မထိဘူး ငါကဘယ်ကိုထိရမှာလဲ။ဟိုဆော့ကယောက်ျားကြီး"

"မင်းက‌ ရှေ့လာလာနောက်လာလာဒေါင်းလို့ပြောနေတာ ငနာရဲ့"

"အဟွတ် အဟွတ်"

ထယ်ယောင်း၏ဒဲ့ပြောသောစကားကြောင့် ဟိုဆော့ရောမွန်ယော့ပါသောက်လက်စများသီးသွားရသည်။ဟိုဆော့ကတော့သူ့လူကြီး၏စကားပြောစွမ်းရည်ကို ဆွံ့အနေရကာ မွန်ယော့မှာတော့မျက်နှာကိုဘယ်နားထားရမှန်းမသိပေ။

"ဒီ...ထယ်ယောင်းမင်းဘာတွေပြောနေတာလဲ"

"ဘာမှလာရှက်မနေနဲ့။ရှိတာမှနှစ်ယောက်တည်း မင်းအကြောင်းငါသိတယ်"

"သိလည်းငြိမ်ငြိမ်နေလေကွာ။ကလေးရှေ့မှာ -ီးလိုပဲ"

"အဟွတ်"

ကလေးရှေ့မှာလို့သူပဲပြောပြီး သူပဲဆဲနေသောအစ်ကိုမွန်ယော့ကြောင့် ဟိုဆော့မှာဖျော်ရည်ကိုဆက်မသောက်နိုင်တော့ပေ။သို့သော်ငြား ယောက်ျားလေးတွေမို့ ဆဲတာဆိုတာသည်သူကိုယ်တိုင်လည်းဂျွန်ယောင်းနှင့်ပြောနေဆဲနေကျမို့ အရမ်းကြီးတော့မရှက်ပါ။ရှက်တာတော့ရှက်ပါတယ်။ယင်းအရှက်သည် ကိုကို့ရှေ့မှာမို့။

My Apprentice LadWaar verhalen tot leven komen. Ontdek het nu