အပိုင်း(၁)

299 16 13
                                    

လွန်

အပိုင်း (၁)

ခါသင်္ကြန်ရောက်တော့ နွေလ ရဲ့ လေ​ပြည်သင်းသင်းတို့က ပိတောက်နံ့လှိုင်လှိုင်တို့အား လမ်းတစ်လျှောက်သယ်ဆောင်လာ၏။
သင်္ကြန်မကျခင်ပင် သင်္ကြန်ကိုကြိုသောပိတောက်တို့ကား ဖြတ်လျှောက်လာသောလူတို့၏လက်ထဲတွင်ဝေဝေစီစီ ။ ရှေးက ဆိုရိုးစကားတစ်ခုရှိခဲ့၏ '' တစ်​ယောက်ဆိုတစ်ယောက် ပိတောက်ဆိိုပိတောက်" တဲ့ ပိတောက်တွေက သင်္ကြန်ကျမှသာရွှေဝါရောင်အဆင်းနှင့်လှိုင်လှိုင်ပွင့်ကြသည် ကျန်ရာသီချိန်များတွင်တော့အစိမ်းရင့်ရောင် အရွက်များဖြင့်သာ ထုံလွှမ်းနေတတ်၏။ ရှေးကလူတွေကတော့ တစ်နှစ်တွင် တစ်ချိန်တစ်ခါမျှသာ ဖူးပွင့်တတ်သော ပိတောက်တို့အား တင်စားကာထိုဆိုရိုးစကားအားချန်​​​ခြင်းဖြစ်မည်ထင်သည် ။ ယခုအခါတွင်တော့မူ ကလေးနှင့်လူရွယ်များကြားတွင် စာကြောင်းလေးတစ်ခုပိုလာ၏။ ထိုကား '' ပိတောက်ခြောက်တော့နောက်တစ်ယောက် '' တဲ့ ။

ရာသီမှန် အချိန်မှန်မဖူးပွင့်တော့သောပိတောက်တို့နှင့် အတူ မောင်နဲ့ ကျွန်တော့်ရဲ့ ပိတောက်ပုံပြင်သည်လည်း တစ်ခန်းရပ်ခဲ့လေသည်။ ဆိုရိုး၏ အသစ်စာကြောင်းလေးသို့ ပိတောက်ခြောက်ချိန်တွင် မောင်သည်လည်း နောက်တစ်ယောက်ပြောင်းခဲ့လေခြင်းလား...

ရှာပုံတော်မင်းသားကြီး xxx မဏ္ဍတစ်ကာရောက်ခဲ့ပြီ xxx ဘယ်ရပ်သူ ၊ ဇာတိမှန်းမသိတော့ခက်လှပြီ xxx

ရှာပုံတော်မင်းသားကြီးသီချင်းသည် မဏ္ဍာပ်မှ တလွင့်လွင့်ပျံ့နေသည်။ ပုံမှန်ဆို သင်္ကြန်လည်ထွက်လေ့မရှိသော ထိန်ညီးတို့အုပ်စုသည်ယခုနှစ်တွင်တော့မူ ဘယ်သိကြားတို့မလိုက်သည်မသိ အမြဲတမ်းခေါင်းခါညင်းနေတတ်သော ထိန်ညီးသည်ပင် ရှေ့ဆုံးက လွန့်လူးနေ၏။ သင်္ကြန်လည်ကားတွေဆိုသည်မှာလည်း အိမ်ဝရန်တာမှကြည့်လျှင်ပင် အမြောက်အမြား။

သင်္ကြန်အကြိုနေ့ဖြစ်သည်မို့ လမ်းထဲတွင်လူတော့သိပ်မစည်လှချေ။ ကလေးငယ်အချို့ကိုသာတွေ့ရ၏။ တစ်ခါတစ်ရံတော့လူကြီးတချို့နှင့်ဆိုင်ကယ်များကိုတွေ့ရတတ်သည်။

လွန်Where stories live. Discover now