EPISODE (62)

6K 713 15
                                    

Unicode
တိုင်းပြည်လှည့်မယ့်ပျားရည်စမ်းခရီးလေး

တောင်ဆင်းတောင်တက်လုပ်ငန်းစဉ်များပြီးဆုံးသောအခါ ဟန်တျာသည် ခြေကုန်လက်ပန်းကျကာပင်ပန်းနေသော်လည်းတစ်စုံတစ်ဦးကတော့ အမူးပင်ပြေကာ လန်းဆန်းတက်ကြွနေတော့သည်။

"ရွှတ်...ကိုယ်တော့်ကိုမချစ်ဘူးလား"

"မေးပြန်ပြီလား"

ဟန်တျာတစ်ဖက်သို့လှည့်ကာအကြည့်စူးစူးတစ်ချက်ကိုပေးလိုက်သည်။

"မမေးတော့ဘူး။ဒါပေမယ့် ကိုယ်တော့်ဟန်ဟန်ကကိုယ်တော်မမေးရအောင်ပြောသင့်တယ်လေ"

သားတော်လေးချွဲသလိုလိုက်ချွဲနေသော ဧကရာဇ်ကြီးအားကြည့်ကာ ဟန်တျာအသည်းယားသွားပြီး တစ်ဖက်မှ ကြီးမြတ်သည့်ဧကရာဇ်ကြီး၏နှာခေါင်းထိပ်ဖျားလေးအား ဖွဖွလေးကိုက်လိုက်သည်။

"အမ်?"

ဧကရာဇ်ကတစ်ခဏမျှကြောင်အသွားသော်လည်း
မိမိဇနီးလေး၏မျက်နှာလေးအား အမြန်ပင်ဆွဲပင့်ကာ နီရဲနေသည့် နှုတ်ခမ်းလေးအားစားသုံးလိုက်သည်။အတွင်းဘက်ကနီရဲနေသည့်လျှာလေးများကအလိုက်တသိရစ်ပတ်ခွင့်ပေးပြီး ဧကရာဇ်သည် နူးညံ့လှသည့်အတွင်းသားလေးများအားထိုးမွှေလိုက်သည်။နူးညံ့သည့်သာယာမှု၌မိန်းမောနေကြပြီး အသက်ရှူ၀လာမှသာ နှစ်ယောက်သားခွာလိုက်ကြသည်။

"အဟွတ်...အဟွတ်"

ဟန်တျာတံတွေးသီးကာ ချောင်းဟန့်လိုက်ပြီး မသိလိုက်စွာ နှုတ်ခမ်းထောင့်မှစီးကျနေသည့် ငွေရောင်အမျှင်လေးများအား လက်ခုံဖြင့်သုတ်လိုက်သည်။

"အင့်..."

ရုတ်တရက် ဆွဲဖက်ခံလိုက်ရပြီးတစ်ဖက်လူမှ မိမိ၏လည်ပင်းနေရာနှင့် ပခုံးသားများအားကိုက်ခဲလာသောအခါ ဟန်တျာခမျာ အံ့အောသွားရပြန်သည်။

"အရှင်!"

"ခဏလေးပါ။တစ်ကယ့်ကိုခဏလေးပါပဲ။

"မင်းလေးကတစ်ကယ့်ကိုရစ်မူးဖွယ်လေးပဲ။ကိုယ်တော်တော့မင်းလေးရဲ့ ဝဲဂယက်ထဲကနေရုန်းထွက်နိုင်တော့မှာမဟုတ်ဘူး ဟန်ဟန်"

"အင်း။ကျွန်တော်မျိူးသိပါတယ် ဒါကမထူးဆန်းပါဘူး။အရှင်ကရုန်းထွက်နိုင်မှသာထူးဆန်းနေဦးမယ်။"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now