EPISODE (32)

8.4K 831 19
                                    

Unicode
ကောင်းကင်ဘုံတွင်သောင်တင်နေသောဝိညာဉ်လေး

ဆက္ကနန္ဒပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါမိမိတစ်ခါမှ မကြားဖူးသည့်နေရာသို့ရောက်ရှိနေခြင်းဖြစ်ကြောင်းနားလည်လိုက်သည်။

ဘေးပတ်၀န်းကျင်တစ်ခွင် တွင် တိမ်ကဲ့သို့ အခိုးအငွေ့များကရစ်သိုင်းနေပြီး ကြိုးကြားကြိုးကြားတွင် ရွှေရောင်တောက်နေသော သစ်ပင်များနှင့် အရောင်စုံသော ကျောက်သံပတ္တမြားများဖြင့် ပြည့်နှက်နေသည့် ကန်ရေပြင်ကျယ်ကြီးများကိုလည်းမြင်တွေ့လိုက်ရသည်။

"ဒါကဘယ်နေရာပါလိမ့်??"

ဆက္ကနန္ဒတစ်ယောက် မိမိကိုယ်ကို ပြန်လည်စစ်ဆေးလိုက်သောအခါ ယခင်နေ့ မှ နန်း၀တ်နန်းစားများဖြင့်စာရှိနေသည်ကိုတွေ့လိုက်ရသည်။

"ငါပြောသားပဲ၊သူရောက်နေပါပြီလို့၊လာ..မြန်မြန် "တော်ကြာ သခင်ကြီးနဲ့သခင်မသိသွားရင် အပြစ်ပေးခံနေရမယ်"

ဆက္ကနန္ဒတစ်ယောက် အသံလာရာကိုကြည့်လိုက်တော့ ကောင်းကင်ပေါ်မှ နတ်သူငယ်လေးနှစ်ပါးက ၎င်းတို့၏အတောင်ပံများကို ဖြန့်ကျက်ပျံသန်းလာသည်ကိုတွေ့လိုက်သည်။

နတ်သူငယ်နှစ်ပါးသည် ဆက္ကနန္ဒ၏အရှေ့သို့ရောက်သည်နှင့် မြေပြင်ပေါ်တွင်သက်ဆင်းကာအရိုအသေပြုလိုက်သည်။

"နတ်သူငယ်ဥယျာဉ်မှကြိုဆိုပါတယ် အရှင်၊နတ်သူငယ်သခင်ကြီးရဲ့ ဗိမ္မာန်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်"

"ကျွန်ုပ်က ဘယ်သူလဲဆိုတာ သင်ကသိတယ်ပေါ့?"

"အကျွန်ုပ်တို့ အားလုံးကို သခင်ကြီးက အသိပေးထားပါတယ်။ဗိမ္မာန်ကိုရောက်ရှိပါက အကုန်လုံးကို နားလည်ပါလိမ့်မယ်"

ဆက္ကနန္ဒခေါင်းညိတ်သဘောတူလိုက်ကာဗိမ္မာန်ရှိရာသို့ လမ်းပြခိုင်းပြီးသူ၏စိတ်စွမ်းအားဖြင့်လိုက်ပါလာခဲ့တော့သည်။

လာရာလမ်းတစ်လျှောက်တွင် လှပသော သစ်ပင်ပန်းပင်များနှင့်အဖိုးတန် ကျောက်သံပတ္တမြားများဖြင့်စီခြယ်ထားသော ဗိမ္မာန်အကြီးအသေးများကို တွေ့မြင်ရပြီး လှပ‌ သောအရွယ်စုံနတ်သူငယ်များအားလည်းတွေ့မြင်ရသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now