EPISODE (44)

7.2K 759 55
                                    

Unicode
ပုံစံအမှန်ကပေါ်လာခဲ့ပြီလား။

သက္ကအန္တလာပြည်။ဧကရာဇ်နန်းဆောင်တွင်ဖြစ်သည်။

မယ်အိနှင့်မယ်ဖြူတို့၏ကြီးကြပ်မှုဖြင့်လုံခြုံရေးကိုအထူးကြီးကြပ်ထားပြီးအတွင်းစည်းများလည်းအထပ်ထပ်ချထား‌သေးသည်။ထို့အပြင် စိတ်စွမ်းအားအဆင့်မြင့်ရဲမက်များက သတိကြီးစွာကင်းလှည့်နေသဖြင့်  ခွေးတစ်ကောင်၊ကြောင်တစ်မြှီးပင်၀င်လို့မရပေ။

မယ်အိနှင့်မယ်ဖြူမှာ သတိမပေါ့လျော့ရဲဘဲ ဧကရီအရှင် အမြန်ထွက်လာဖို့သာမျှော်လင့်ထားကြသည်။သို့ရာတွင် သူမတို့ သခင်မှာ တစ်ရက်ကြာသည်အထိထွက်မလာပဲနေလျက်ရှိသဖြင့် ဧကရီအရှင် တစ်ယောက် သတိထားမိရဲ့လားဟူ၍ပင်တွေးမိကြတော့သည်။

ဧကရာဇ်နန်းဆောင်၏ပတ်၀န်းကျင်သည် တိတ်ဆိတ်နေပြီး မည်သည့်နန်းတွင်းသူကိုမျှအထဲသို့၀င်ခွင့်မပြုပေ။ထို့အတူ ဧကရီ၏နန်းဆောင်တွင်လည်း အစောင့်အကြပ်များစွာကတိတ်ဆိတ်စွာ စောင့်ကြပ်လျက်ရှိသည်။

ဧကရီ၏၏ဥယျာဉ်တော်အတွင်း၌မူ ပထမမင်းသား‌လေးနှင့် ဂိမာနအပါအ၀င် စစ်သူကြီးရဲသူနှင့်စစ်သူကြီးရဲဟန်တို့ရှိနေကြပြီး အရိပ်တပ်သားများစွာကလည်း စောင့်ကြပ်လျက်ရှိသည်။

"ချောက်"

စစ်သူကြီးရဲဟန် နှင့်ရဲသူသည်လည်း အချင်းချင်းမျက်စပစ်လိုက်ကြပြီးခေါင်းညိတ်ပြလိုက်သည်။သေချာပေါက်ပင် ဂိမာနမှာ နီးကပ်လာသော အစိမ်းသက်သက်အနံ့အားသိရှိပြီးဖြစ်သဖြင့် ပထမမင်းသားလေးအားပွေ့ချီကာ

"ရှူး...ဧကရီအရှင်မြတ်ဆီသွားကြမယ်"

နှုတ်ခမ်းလေးနားလက်ညှိုးလေးဖြင့်ဖိပြလိုက်ပြီး
ဝှစ်ခနဲပျောက်ကွယ်သွားတော့သည်။

စစ်သူကြီးရဲဟန်နှင့်စစ်သူကြီးရဲသူသည်ဟန်မပျက် စောင့်နေကာ နီးကပ်လာသောရန်သူအားရင်ဆိုင်ရန် ကြိုတင်ပြင်တးဆင်နေကြသည်။

"ဝှီး"

"ရွှပ်"

မိမိတို့ဆီသို့ဦးတည်ကာပျံလာသော မီးလုံးကြီးအား စစ်သူကြီးရဲသူမှ သူ၏လက်စွဲတော်ဓားဖြင့်ပိုင်းဖြတ်ကာတားဆီးလိုက်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now