ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)

Start from the beginning
                                    

စပ်စုစိန်မွန်ဒီကလည်း ကြိုးစားပမ်းစား ဟင်းချက်သင်ယူနေပြီး ဟင်းလျာအရသာများကို မြည်းစမ်းဖို့ အလွန်စိတ်အားထက်သန်နေခဲ့​၏။ ခဏအကြာမှာ မီးဖိုချောင်ကနေ ဧည့်ခန်းထဲသို့ ဂျရယ်မိုင်ရာ ထွက်လာခဲ့သည်။

" အဖေကြီးတို့ ... ကျွန်တော့်နောက်ကို ဘယ်လိုခြေရာခံလိုက်လာကြတာလဲ "

ဂျရယ်မိုင်ရာ လှမ်းမေးလိုက်သောအခါ ဒေါမနစ်က ဖြေဖို့ပြင်သည်။

" ငါးမြွေထိုးကောင်၊ ခုမှလာပြီး ဘယ်လိုရှာတွေ့လဲနဲ့။ မင်းကို လွန်ခဲ့တဲ့အပတ်တွေထဲက အကုန်လုံးပတ်ရှာနေကြတာ။ မနေ့တနေ့က မင်းအဘိုးနဲ့ သူ့တပည့်တွေ ဆိုင်တစ်ဆိုင်ထဲက ထွက်လာတဲ့ မင်းကိုတွေ့လိုက်ကြလို့သာ မင်းပုန်းနေတာ ဒီနေရာမှန်းသိတာ "

" ဪ ... "

" ဘာ ဪလဲ၊ လက်သီးနဲ့ ပိတ်ထိုးလိုက်လို့ သေဦးမယ်။ အိမ်ပေါ်ကဆင်းသွားပြီး ဂြိုဟ်အတောင့်လိုက် မွှေထားတဲ့ကောင် ... မင်းရဲ့teleport ကိုလည်း ငါတို့ခြေရာခံလို့မရအောင်လုပ်ထားသေးတယ်"

ဒေါမနစ်က ဒေါသတကြီးဖြင့် ပြောနေသော်လည်း ဂျရယ်မိုင်ရာက တည်တည်ငြိမ်ငြိမ်လေးဖြင့် မခုတ်တတ်သည့်ကြောင်တစ်ကောင်လို နေနေ​၏။

ဖအေလုပ်သူက စိတ်တိုတိုဖြင့် ဆူပူနေသေလောက်၊ သားဖြစ်သူမှာ ဘာမှမဖြစ်သကဲ့သို့ နေနိုင်လွန်းသည်။ ဒေါမနစ်လည်း ဤကဲ့သို့အေးဆေးနေနိုင်လွန်းသော ဂျရယ်မိုင်ရာကို ပိုကြည့်မရလာရင်း အော်လိုက်​၏။

" မင်း ငါ့အသံကို ကြားရော ကြားရဲ့လား ဂျရယ်မိုင်ရာ "

" အင်း ကြားတယ်လေ "

" ဒါဆို ပြန်ဖြေလေကွ "

" ဘာဖြေရမှာတုန်း "

" ဟ ... မင်း ဟိုခွေးနဂါးကောင်တွေဆီ သွားမွှေထားတဲ့ ကိစ္စ၊ ဒင်းတို့ ဗိုလ်ချုပ် ခရစ်စတိုဖာဆိုတဲ့ကောင်နဲ့ သွားဇယားရူပ်ထားခဲ့တာလေ "

ဂျရယ်မိုင်ရာက နှာခေါင်းကနေ လေတစ်ချက်မှုတ်ထုတ်လိုက်ရင်း ...

" အဖေ ... အဲဒီကိစ္စတွေကို ပြန်အစမဖော်ပေးရင် ကောင်းမယ်။ ကွဲထားတဲ့ အသည်းပြန်ဆက်ဖို့ ခက်နေလို့တောင် မနည်းကုစားထားရတာ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now