╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 39
The End of Immortal Foes╚═════ ࿇ ═════╝
ညတစ်ချက်ခွဲ၌ ဖရီးမန်းတို့၏စံအိမ်တော်ကို ဂါဗင်၏မိစ္ဆာတပည့်များမှ ဖျက်ဆီးရန် ရောက်ချလာကြသည်။ သို့သော် စံအိမ်တော်၏ဧရိယာတစ်ခုလုံးက အကာအကွယ်အစီအမံများဖြင့် ခြံရံထားခြင်းခံရသည့်အတွက် သူတို့မှာယင်းအကာအကွယ်များကိုကျော်လွန်၍ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိကြပေ။
ထိုစဉ် ဂါဗင်က ဒိုရီယန်ကို bar အတွင်းက VVIP အခန်းတစ်ခန်းထဲတွင် စောင့်နေခဲ့သည်။ ရီကာဒိုနှင့်ဒိုရီယန်နှစ်ယောက်သားတွဲနေသည်ကို ဂါဗင်က သူ့တပည့်များထံမှ အကြောင်းစုံသိရှိထားခဲ့သည်။ ဤနေ့တွင် ရီကာဒိုမသိအောင် ဒိုရီယန်ကို ချိန်းဆိုခဲ့ခြင်းပင်။
ဂါဗင်က မှင်သေအေးစက်သောမျက်နှာထားဖြင့် စားပွဲခုံပေါ်က အရက်ခွက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ရုတ်တရက် အခန်းတံခါးပွင့်လာခဲ့ပြီး ဒိုရီယန်လည်း ဂါဗင့်ဆီသို့ လျှောက်လာခဲ့သည်။ ဒိုရီယန်မှာ ဂါဗင်နှင့်အကြည့်ချင်းဆုံလျှင် စကားစပြောသည်။
" ကျွန်တော့်ကို ခေါ်ရတဲ့အကြောင်းက ... "
" ရီကာဒိုနဲ့လမ်းခွဲလိုက်"
" ဗျာ ... "
ဒိုရီယန်လည်း သေးသိမ်သောအသံတစ်ခုနှင့် တုံ့ပြန်မိသည်။ ထိုစကားကိုကြားလိုက်ရသည့်အခါ သူ့မျက်နှာလည်း မှိုင်ကျသွားသည်။ သူ့လက်သီးများကို ခပ်တင်းတင်းဆုပ်ထားခဲ့လျက်။ ဂါဗင်၏မှင်သေသေမျက်နှာထားက ပြုံးယောင်သမ်းလာသယောင်။ သူ၏မျက်ဝန်းများကမူ အေးစက်တည်ငြိမ်နေပေသည်။
" မင်း ငါ့အစ်ကိုကို တကယ်မချစ်နိုင်ပါဘူး "
ဒိုရီယန်မှာ ဂါဗင်၏ဒုတိယစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ ရီကာဒိုမှာ ဂါဗင်တို့နှင့်ပူးပေါင်းတိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့သည့်အတွက် ရီကာဒိုကိုတမင်စိတ်ဒုက္ခပေးရန် ကြံစည်ထားသည်။ အပျင်းပြေ အပျော်တမ်းကစားပွဲလေးတစ်ခုကို ဆော့နေရသည့်အတိုင်း ဒိုရီယန်နှင့်ရီကာဒိုကို လမ်းခွဲအောင် ပြုလုပ်ဖို့ရည်ရွယ်နေလျက်။
YOU ARE READING
𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//