ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)

Começar do início
                                    

ဒေါမနစ်၏နဖူးအရေပြားများက တွန့်သွားသည်။

" ဆိုတော့ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ "

ရိသဲ့သဲ့ပြောလာသည့် ဂျက်ဖရီကို ဒေါမနစ်လည်း စိတ်မရှည်စွာ စကားဖြတ်မေးလိုက်လျက်။

" ဘာဖြစ်ချင်ရမှာလဲ၊ မင်းရဲ့သားလည်း မကြာခင် သေစေရမယ် ... မင်းတို့တစ်မျိုးလုံးပဲ "

ဂျက်ဖရီလည်း ဒေါသသံဖြင့် ပြန်တုံ့ပြန်ခဲ့သည်။

" အဟက် Fuck you ပဲ ဂျက်ဖရီ ... ကျုပ်တို့ရဲ့ဆွေစဉ်ခုနစ်ဆက်တောက်လျှောက်မှာ ရူံးတယ်ဆိုတာမရှိခဲ့ဘူး၊ ဥရောပမှာရော အာရှဘက်မှာရော ဘယ်ပွဲမှ ကျုပ်တို့မရူံးခဲ့ဘူး၊ မသေခဲ့ဘူး၊ ကျုပ်တို့ဇ ကျုပ်တို့သမိုင်းကို သိသိရက်ကြီးနဲ့ လာပြီးလေကြီးမိုးကြီး ဖင်ခေါင်းကျယ်မနေစမ်းပါနဲ့ဗျာ... ကျွတ် ကျွတ် ... ခင်ဗျားတို့က သနားစရာလေးတွေပဲ "

ဒေါမနစ်​၏စကားလုံးအကြမ်းစားများကြောင့် ဂျက်ဖရီမှာအနာစပ်သွားပြီး သူ့ကိုယ်တွင်း၌ ဒေါသသွေးများ ပွက်ပွက်ဆူလာခဲ့သည်။ သို့သော်လည်း သူ စကားနာထိုးရဦးမည့် ဂျရယ်မိုင်ရာ​၏ကိစ္စကို ပြန်သတိရသွားပြီးနောက်မှာ စိတ်ပြန်လျော့ရင်း။

" ပြောထားအုံးပေါ့ ဒေါမနစ် ... အခု ဖုန်းဆက်ရတဲ့အကြောင်းက ခင်ဗျားသားဂျရယ်မိုင်ရာ Gay ကောင်ကလေ ကျုပ်ရဲ့အားအကိုးရဆုံး ဗိုလ်ချုပ်ခရစ်စတိုဖာကို လာနှောင့်ယှက်သွားပြန်ပြီ "

ဂျက်ဖရီ​၏ယခုစကားကို လုံးဝမနှစ်မြို့မိသော ဒေါမနစ်လည်း ပိုအသည်းပေါက်လာတော့သည်။

" ဟ ဒီသောက်ခွေးနဂါးကောင်တော့ နေရင်းထိုင်ရင်း ငါ့သားကိုပါ ဆွဲထည့်ပြန်ပြီ "

" အဟားဟား ခုလေးတင်ပဲ ခင်ဗျားဆီ သက်သေအထောက်အထားတွေ ပို့ပြီးသွားပြီ၊ ကြည့်ပြီးတော့မှ ခင်ဗျားသားအကြောင်း ခင်ဗျားပိုသဘောပေါက်ပါလိမ့်မယ်၊ ခု ဒုတိယအကြိမ် လာပေးတာ ခင်ဗျားတို့ကို ... ကျုပ်ရဲ့ ဗိုလ်ချုပ်ခရစ်စတိုဖာနဲ့ ခင်ဗျားတို့သား ဂျရယ်မိုင်ရာကို တစ်စက်လေးမှ သဘောမတူနိုင်ဘူး၊ တူချင်စရာတစ်ကွက်မှလည်း မရှိပါဘူး၊ ခင်ဗျားတို့သားကိုပြောလိုက်၊ ခရစ်စတိုဖာ Gay ဆိုရင်တောင် ကျုပ်တို့အမျိုးအနွယ်ထဲက ယောကျာ်းနဲ့ပဲ ယူခိုင်းမယ်... ဒင်းလိုကောင်နဲ့တော့ မယူခိုင်းဘူး "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Onde histórias criam vida. Descubra agora