ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)

Start from the beginning
                                    

"အရှင်မင်းကြီး ... နောက်ထပ်တစ်ခါလောက်ပဲ ကျွန်တော်မျိုးကို အခွင့်အရေးပေးပါ ... ကျွန်တော်သူ့ကို .... "

အိုဝမ်၏ အသံကတုန်ယင်စွာ။ အသနားခံနေစဉ် ဂျက်ဖရီက စကားဖြတ်ပြောသည်။

" နောက်ဆုံးအကြိမ်ပဲ "

စကားဆုံးသည့်နောက် မိစ္ဆာဘုရင်ကြီး ဂျက်ဖရီလည်း သူ ၏ဆေးလိပ်ကို နှစ်ခြိုက်စွာ အငွေ့တလိုင်လိုင်ထသည်အထိ ပြန်သောက်ပြီး မျက်နှာကြက်ကို မော့ကြည့်နေခဲ့သည်။

ဤစကား ၏အဓိပ္ပာယ်အတိမ်အနက်က အိုဝမ်အတွက်တော့ မိုးပြိုကျစရာအကြောင်းကိစ္စတစ်ခုသာ။ အိုဝမ် ၏မျက်လုံးများက ဂျက်ဖရီကို ဆက်မကြည့်နိုင်တော့ဘဲ သူ့ခြေထောက်အောက်က ကတ္တီပါကော်ဇောကိုသာ စိုက်ကြည့်နေခဲ့ရလေသည်။

သားကို အရမ်းချစ် သော ဖခင်တစ်ယောက်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ ခရစ်စတိုဖာကို အဆုံးရူံးမခံနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဂျက်ဖရီပြောသည့် နောက်ဆုံးအကြိမ်ဟူသည် သူ့သားကို သူကိုယ်တိုင်သတ်ပစ်ရန် ဆိုလိုခြင်းဖြစ်၏။ သားဖြစ်သူစိတ်ထိခိုက်မည်ကို စိုးရိမ်အားကြီးခဲ့သော ဖခင်တစ်ယောက် ဖြစ်လင့်ကစား တကယ်တမ်းတွင် ခရစ်စတိုဖာကို သာမာန်လူသားယောကျာ်းလေးတစ်ယောက်အနေနှင့်သာ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းစေချင်ခဲ့သည်။

ဤသည်မှာ သူ့ဘဝတစ်ခုလုံး၌ သူ့သားဖြစ်သူအတွက် ဖန်တီးအပေးချင်ဆုံးသောလက်ဆောင်တစ်ခုဆိုလည်း မှန်ပေ ၏။

" နောက်ဆုံးအခွင့်အရေးပေးတာတောင် မင်းရဲ့သားက ဒီပုံစံအတိုင်းဆို ... ဘာလုပ်ရမလဲကို သိတယ်ဟုတ် "

နိုင်ငံအသီးသီး၌ စွမ်းအားကြီးသမန်းမိစ္ဆာမျိုးနွယ်စုများရှိကြသော်လည်း လက်ရှိ ၂၁ ရာစု အင်္ဂလန် ၏ မိစ္ဆာမျိုးနွယ်များထဲတွင် အင်အားအကြီးဆုံးမျိုးနွယ်ကိုပြသပါဆိုလျှင် မိစ္ဆာဘုရင်ကြီး ဂျက်ဖရီ ၏ Anthony Lepic (အန်တိုနီ လီပေ့)မျိုးနွယ်က မိစ္ဆာနှိမ်နင်းသူများကြားတွင် အထင်ရှားဆုံးနှင့် အကျော်ကြားဆုံးမိစ္ဆာအုပ်စုပင်ဖြစ်သည်။ တခြားမျိုးနွယ်များထဲတွင် မိစ္ဆာနှင့် မိစ္ဆာနှိမ်နင်းဆရာတို့ ချစ်ကြိုက်မိကြရာမှ မိစ္ဆာမျိုးဆက်မသန့်စင်ခြင်းများရှိခဲ့သော်လည်း၊ ဂျက်ဖရီတို့ ၏အမျိုးအနွယ်ထဲ လူသားကလွဲလျှင် မည်သည့်မိစ္ဆာနှိမ်နင်းသူအရောမျိုးနှင့်မှ လက်ထပ်ထိမ်းမြားခြင်းအား ခွင့်မပြုထားပေ။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now