ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)

Mulai dari awal
                                    

ဒေါမနသ်သည် စည်းကမ်းအင်မတန်ကြီး၍ ဂျရယ်မိုင်ရာအပေါ် အလွန်တင်းကျပ်ချုပ်ချယ်လွန်းသည်။ ဂျရယ်မိုင်ရာက ဒေါမနစ် မကြိုက်သောအရာတစ်ခုခုကို လုပ်မိတိုင်းတွင်လည်း သားဖြစ်သူကို အပြင်းအထန် ရိုက်နှက်ဆုံးမလေ့ရှိသည်။

ရံဖန်ရံခါတွင် ဂျရယ်မိုင်ရာ လေ့ကျင့်သည့်ပုံစံက သူ့စိတ်တိုင်းကျမဖြစ်နေလည်း တစ်ညလုံးစံအိမ်တော်အရှေ့မှာ ဒူးထောက်ခိုင်းထားတတ်သေး​၏။

မည်သို့ပင်ဆိုစေ ဒေါမနစ်ကြောင့်သာ ဂျရယ်မိုင်ရာအနေဖြင့် အသွင်ပြောင်းသမန်းမိစ္ဆာများ၊မကောင်းဆိုးဝါးတစ္ဆေမှင်ဆာများ၊ နတ်ဆိုးမိစ္ဆာများစသောလောကသားများကြား၌သာမက အင်္ဂလန်တစ်ခွင်တွင် " Timothy Freeman (တီမိုသီဖရီးမန်း)" က  ဂျရယ်မိုင်ရာဟု ကြားလိုက်သည်နှင့် ဖိန့်ဖိန့်တူန်အောင် ကြောက်လန့်ကြသည်အထိ တစ်နေ့တခြား နာမည်ကြီးလာခဲ့သည်။

ယခုတွင်မူ ဂျရယ်မိုင်ရာဘက်က သူ့အဖေကို နဂါးမင်းသား မာစီရာနှင့် အပေါင်းအပါတွေကို သတ်ခဲ့ကြောင်းပြောပြခဲ့သော်လည်း အထင်မကြီးခဲ့ပေ။

" ဂျရယ်မိုင်ရာ ... မင်းကိုယ်မင်း သိပ်တော် သိပ်တတ် သိပ်ပြီးပြည့်စုံနေပြီလို့ ထင်နေလား။ အဟက် ...  ငါ့ထက်နှာတစ်ဖျားတောင် မသာသေးဘူး။ ခုမင်းအသက် ၂၈ နှစ်တောင်ရှိနေပြီ။ မင်းဖမ်းနိုင်ခဲ့တဲ့ကောင်တွေထဲ စကြဝတေးမင်းတောင် ဖင်တုန်အောင် ကြောက်ရတဲ့အကောင်တွေ တစ်ကောင်မှ မပါသေးဘူး"

ဂျရယ်မိုင်ရာ့ခမျာ သူ့အား တတွတ်တွတ်အပြစ်တင်နှိမ့်ချနေသော သူ့အဖေရှေ့၌ အချိန်အတော်ကြာသည်အထိ ဒူးထောက်နေရ​၏။ ဒေါမနစ်က ကြာပွတ်ကို ကိုင်လျက် သူ့ပတ်ပတ်လည်ကို ဝှေ့ကာပတ်ကာ လမ်းလျောက်နေသည်။

"ဒါ့ကြောင့် မာန်တက်နေတာတွေ ခဏလျော့ထားအုံး... ငါ့အလှည့်တုန်းက တကယ့်ဒိတ်ဒိတ်ကျဲအကောင်တွေချည်းပဲ ဖမ်းနိုင်ခဲ့တာတောင် စိတ်ကြီးမဝင်ခဲ့တာ "

" ကျွန်တော့်ရဲ့အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါ အဖေ။ အဖေ့ဆီကနေဆက်ပြီး လေ့လာသင်ယူပါ့မယ် "

" ကောင်းပြီ။ ငါမင်းကို သင်ပေးဖို့ ကျန်သေးတဲ့ သင်ခန်းစာတွေထဲက ၂ ခုကိုပြောမယ်။ မင်းရဲ့လက်နက်သုံးပါး တိုက်ကွက်ကို အဆင့်မြင့်ဆုံး spell တွေနဲ့ အသုံးပြုပြီး တိုက်ကွက်ပြင်းပြင်းဖန်တီးဖို့ပဲ။ ပြီးရင် protection spell (ကာကွယ်ရေးမန္တန်)အကြမ်းစားကြီးတွေ ဘယ်လိုလုပ်ရမလဲဆိုတာတွေ သင်ပေးသွားမယ်။ အချိန်က ထုံးစံအတိုင်း ၁ ပတ်အတွင်းပေါ့။ ၁ ပတ်အတွင်းမှ မတတ်ရင် ..."

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Tempat cerita menjadi hidup. Temukan sekarang