8

338 38 4
                                    

အခန်း (၈)

ယန်ကျန်းမင်သည် သူ၏သစ်သားဓားကို ပိုးသားလက်ကိုင်ပုဝါတစ်စဖြင့် အေးအေးလူလူပွတ်သုတ်နေရင်း ဆရာတူညီလေးများ၏လေ့ကျင့်နေမှုတို့ကို ခေတ္တခဏ ဘေးမှရပ်ကြည့်နေသည်။

ဆရာတူညီလေးများ၏ဓားများမှာ တကယ့်ကိုပင် ရယ်စရာကောင်းလှပေသည်။ အနည်းနှင့်အများ ကြည့်ကောင်းရှုပျော်ရှိသော လီယွင်တစ်ယောက်မှလွဲ၍ ကျန်နှစ်ယောက်သည်ကား အခြေခံအားဖြင့် တုတ်တစ်ချောင်းကို ကိုင်မြှောက်ထားသော ဧရာမမျောက်ကြီးနှစ်ကောင်နှင့်တူနေ၏။ ထိုနေရာဝယ် သစ်သားဓားများကို ဟိုမြှောက်သည်မြှောက်လျှောက်ဆော့နေသည့် သူတို့နှစ်ယောက်အား ဆရာဖြစ်သူသည် ဓားကိုင်သည့် လက်ဟန်အနေအထားတို့ကို ပြင်ဆင်သင်ကြားပြသပေးနေရလေသည်။

ဆရာက တစ်ကြိမ်တွင် တစ်ယောက်ကိုပြောလိုက်သည်။

"သစ်သားဓားက သနားညှာတာမှုရှိပေမဲ့ တကယ့်ဓားအစစ်မှာ မျက်စိမပါဘူးနော်။ ဓားလက်နက်တွေကိုကိုင်တွယ်တဲ့အခါမှာ သတိထားပြီးရင်းထားရမယ်__ချန်ချန်၊ မင်းရဲ့လက်ချောင်းကို ဓားသွားပေါ်မှာ ဖိမထားနဲ့လေ၊ မင်းရဲ့နှလုံးသားနဲ့ လက်ဆယ်ချောင်း ဆက်သွယ်နေတာကို ကိုယ့်ဘာသာကိုယ် သတိမထားမိဘူးလား"

တစ်ကြိမ်တွင် နောက်တစ်ယောက်ကို ပြောလိုက်ပြန်သည်။

"အရှေ့ပင်လယ်မှာ ကျင်း ၃၀၀ အလေးချိန်ရှိတဲ့ ဓားရှည်တစ်လက်ရှိတယ်တဲ့။ ရှောင်ယွမ်ရာ....ခုနတုန်းက မင်းရဲ့လက်နှစ်ဖက်နဲ့ ဓားကိုင်တဲ့ပုံစံကို ငါကြည့်ရတာ မင်းဟာက ဓားသိုင်းလေ့ကျင့်နေတာနဲ့မတူဘဲ ပန်းပဲထုနေတာနဲ့တူတယ်"

ရံဖန်ရံခါဝယ် သူ၏လက်မောင်းနှစ်ဖက်ကိုပင့်မြှောက်ကာ အရှေ့ပြေးလိုက် အနောက်ပြေးလိုက်လုပ်ရင်း ပြဿနာကိုမီးထွန်းရှာကာ ဂြိုဟ်မွှေတတ်သော လီယွင်ကို သွားရောက်ကယ်တင်ပေးရပြန်သည်။

"လျှောက်မရမ်းနဲ့၊ လျှောက်မရမ်းနဲ့၊ အိုင်းယား...မျက်လုံးကိုထိုးမိမယ် သတိထား"

'မျက်စိပသာဒကင်းမဲ့ခြင်း' ဟူသောစကားမှာ အမှန်စင်စစ် အနှီသတ္တဝါလေးနှစ်ကောင်ကို မျက်နှာသာပေးထားသော စကားပင်တည်း။

လျို့ယောင်Where stories live. Discover now