(၅)

224 50 4
                                    

အခန်း (၅)

ယန်ကျန်းမင်၏အပြုအမူမှာ ရိုင်းပျလှသည်။ ချန်ချန်ကို လက်ယပ်ခေါ်နေသည့်ပုံစံမှာ ခွေးတစ်ကောင်ကို လက်ယပ်ခေါ်နေသကဲ့သို့ပင်။

သူ၏ထိုလုပ်ရပ်နှင့်အပြုအမူသည်ကား အံ့ဩဘနန်းဖြစ်ကာ ကြက်သေသေနေသော ချန်ချန်ကို လျှပ်တစ်ပြက်အတွင်းမှာပင် သတိပြန်ကပ်သွားအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

ချန်ချန်မှာ ငယ်စဉ်ကတည်းက လူအများ၏ချစ်ခင်နှစ်သက်မှုကိုမခံစားခဲ့ရသောကြောင့် သူ့စိတ်ထဲဝယ် သိမ်ငယ်စိတ်အပြည့်အဝရှိနေခဲ့သည်။ ဤသို့ဖြင့် အချိန်ကာလ ကြာညောင်းလာသောအခါ ထိုသိမ်ငယ်စိတ်သည် သူ၏အရိုးများအတွင်းထိ နစ်မြုပ်ဝင်သွားပြီး သူ့နှလုံးအိမ်တစ်ခုလုံးအပြည့် အရှိန်အဟုန်ပြင်းထန်ကြီးမားသော တစ်ယူသန်မာနတရားတို့ကို ပေါက်ဖွားလာစေတော့သည်။ အကြည့်တစ်ချက်သည်ပင် သူ့ကို ဆတ်ဆတ်ထိမခံနိုင်အောင်ဖြစ်သွားနိုင်စေပေရာ ထိုကဲ့သို့ ခွေးခေါ်သလို၊ ကြောင်ခေါ်သလိုအပြုအမူမျိုးသာဆိုပါက အဘယ်မှာလျှင် ဆိုဖွယ်ရာရှိပါအံ့နည်း။

ချန်ချန်မှာ ၁၂ လပိုင်း ဟေမန်ဆောင်းရာသီအတွင်းဝယ် မျက်နှာတည့်တည့်သို့ ရေခဲရေဖြင့် အပက်ခံလိုက်ရသယောင်၊ သူ၏အင်္ဂါရပ်ငါးပါးလုံးမှာ အေးခဲတောင့်တင်းသွားလေတော့သည်။ သူက အေးခဲတောင့်တင်းနေသော မျက်နှာပြင်ထက်ဝယ် ခံစားချက်ကင်းမဲ့စွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလာကာ ယန်ကျန်းမင်၏လက်ကို ရှောင်ဖယ်လိုက်ပြီးသော် လက်နှစ်ဖက်ကိုယှက်ကာ ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်သည်။

ယန်ကျန်းမင်က သူ့ကိုတစ်ချက်မျှ စောင်းငဲ့ကြည့်ရှုလာသည်။ ဤသို့ဤနှယ် အရှေ့သို့ မဆိုစလောက်ခန္ဓာကိုယ်တစ်ချက်အလှည့်ဝယ် ခပ်သင်းသင်းသစ်ခွပန်းရနံ့တို့မှာ ချန်ချန်၏နံဘေးတစ်ဝိုက်တွင် လွှမ်းခြုံရစ်သိုင်းသွားသယောင်။ အနှီဝတ်ရုံစုတ်ပေါ်၌ အမွှေးနံ့သာများ မည်မျှအထိ ဆွတ်ဖြန်းထားသလဲမသိ၊ အင်းဆက်ပိုးကောင်များကိုပင် မောင်းထုတ်နိုင်စွမ်းရှိနေတော့သည်။

လျို့ယောင်Where stories live. Discover now