Into the Mist Forest Arc (1)

Start from the beginning
                                    

ဆိုင်ရှင်က ရေခဲသေတ္တာထဲမှ အအေးဘူးများကို တချက်လှမ်းကြည့်ရင်းပြန်ဖြေလိုက်သည်။ အရပ်ရှည်ပြီး ရှပ်အင်္ကျီပွပွကို၀တ်ဆင်းထားကာ စတိုင်ပန်ဘောင်းဘီပွပွနှင့်ဆိုင်ရှင်မှာ လူလတ်ပိုင်းအရွယ်ဖြစ်သည်။အရပ်အမောင်းမှာ ၆ပေ၃လက်မဖြစ်သည့်အတွက် Yashamine မှာ သူ၏ ရင်ခွင်ပင်မမှီ၊ဗိုက်သာမှီသည်။ အသက်အရွယ်မှာ ၃၉ကျော်လာပြီဖြစ်၍ ဆံပင်အချို့တ၀က်မှာ မီးခိုးရောင်သမ်းကာရှုပ်ပွနေသည်။

"အင်းး ဟုတ်သားနော်"

ဆိုင်ရှင်ရဲ့အဖြေကို ရယ်သံလေးစွက်ရင်း ထောက်ခံလိုက်သည်။ ၀တ်ထားသည့် Summer Dressလေးမှာ ပေါင်လည်ထိသာရှိသည့်အပြင် အမြင့်ဆုံးထားထားသည့် ပန်ကာလေကြောင့် အလံလေးပမာ ဂါ၀န်မှာလွင့်နေသည်။ ရွှေရောင်တောက်ပနေသော မျက်လုံးများက မှေးစင်းနေပြီး နီရဲရဲ နှုတ်ခမ်းတစ်စုံကကော့ညွှတ်ကာ ပြုံးယောင်သမ်းနေသည်။

ဆိုင်ရှင်ခမျာ နေရခက်စွာဖြင့် စူးစူးရှရှအကြည့်မရောက်စေရန်စားပွဲကိုသုတ်နေလိုက်သည်။

ထိုမိန်းကလေးမှာဆိုင်ရှင်နေရခက်နေသည်ကို စူးစိုက်ကြည့်ကာ တခွိခွိရယ်နေလေသည်။ ‌အအေးပုလင်းကိုပစ်ချကာ ဗိုက်ကိုလက်ဖြင့်နှိပ်၍ အားရပါးရရယ်၍၀မှ မျက်ရည်များကို လက်ချောင်းဖြင့် တို့သုတ်လိုက်ရင်း ဆိုင်ရှင်ကိုကြည့်လိုက်သည်။

"အား!!!!၀န်ခံလိုက်စမ်းပါ နင်ငါ့ကိုကြည့်လိုက်တယ်မလား"

ခုန်ဆွခုန်ဆွ ပြောရင်း အောင်ပွဲခံနေသည့်ထိုမိန်းကလေးကို သူစိတ်မဆိုးနိုင်ပါ။ Yashamineသည် တ‌စ်လောကလုံးတွင် သူ့ကို စိတ်အနှောင့်အယှက်အပေးနိုင်ဆုံးလူသားဖြစ်သော်လည်း Yashamine အပေါ်တစ်စက်ကလေးမှမငြိုငြင်မိပေ။

Yashamine ၏ အစအနောက်သန်မှုများစွာဒဏ်ကို နှစ်အတော်အတန်ကြာ ကြုံတွေ့ပြီးခဲ့သော်လည်း သူ(မ)ထံတွင် အကွက်ပေါင်းများစွာ အကြံဉာဏ်ပေါင်းများစွာကျန်နေသေးသည်။

"ဟုတ်ပါတယ်။ငါရှုံးပါတယ်။ ဒီလောက်တောင် လှတဲ့ Yashamine ကိုမကြည့်ဘဲမနေနိုင်လို့ ကြည့်မိပါတယ်"

လက်မြှောက်အရှုံးပေးလိုက်သည့်ပုံလုပ်ကာ ၀န်ခံလိုက်တော့မှ Yashamine ကအရယ်ရပ်ကာ မုန့်စင်ပေါ်မှ အာလူးကြော်ကို လှမ်းဆွဲယူဖောက်စားလိုက်‌သည်။ ဆိုင်ရှင်နှင်မထုတ်မချင်း ဆိုင်ထဲကဘယ်မုန့်ကိုမဆိုယူစားလို့ရနေသ၍ ငွေရှင်းဖို့လည်း နည်းနည်းမှမတွေးမိပါ။

The Daymare Where stories live. Discover now